ရွှေပြည်သာ ဆန္ဒပြပွဲ မှာ လူ ၅၀ ထက်မနည်း အဖမ်းခံရ





မတ်လ ၇ ရက် နေ့လယ်ပိုင်းက ရွှေပြည်သာမြို့နယ် အ မှတ်(၁၁) ရပ်ကွက် ရန်ကြီးအောင်လမ်းမှာ စုဝေးဆန္ဒထုတ်ဖော်နေတဲ့ ဆန္ဒပြသူတွေကို ရဲ နဲ့ စစ်တပ်က ဖြိုခွင်းခဲ့ရာ ဆန္ဒပြ  လူ ၅၀ ဦးကျော်် ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက  ရွှေပြည်သာ ဘုရင့်နောင်လမ်း၊ ရန်ကြီးအောင်လမ်း၊ သံဒင်းစတဲ့ လမ်းကြောင်းတွေကနေပိတ်ဆို့ဝင်ရောက်ကာ ဆန္ဒပြ တွေကို ရာဘာကျည်တွေနဲ့ ​ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

 တိမ်းရှောင် ပုန်းခိုနေတဲ့နေအိမ်တွေအတွင်းကိုလည်း အကြမ်းဖက် ဝင်ရောက်ကာ ဆန္ဒပြ လူငယ်တွေကို ရိုက်နှက်ဖမ်းဆီးခဲ့ပြီးအချုပ်ကား (၃)စီးခန့်နဲ့ ဖမ်းသွားခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။


BBC Burmese

https://www.facebook.com/BBCnewsBurmese/

ရွှေပြည်သာ ဆန္ဒပြပွဲ မှာ လူ ၅၀ ထက်မနည်း အဖမ်းခံရ ရွှေပြည်သာ ဆန္ဒပြပွဲ မှာ လူ ၅၀ ထက်မနည်း အဖမ်းခံရ Reviewed by THITHTOOLWIN on 01:51 Rating: 5

No comments:

Powered by Blogger.