ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးလာသူ လူ တစ်ထောင်နီးပါးရှိ


စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်း ဆန့်ကျင်ကန့်ကွက်နေတဲ့ ဆန္ဒပြသမားတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းတာတွေ ဆက်တိုက်လုပ်လာခဲ့ပြီးတဲ့နောက် ထိုင်းမြန်မာနယ်စပ်က ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်ရာ နယ်မြေတွေအတွင်းကို ထွက်ပြေးတိမ်းရှောင်လာသူ လူ တစ်ထောင် နီးပါးရှိတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသူတွေထဲမှာ ဆန္ဒပြခေါင်းဆောင်တွေပါသလို၊ ပြည်သူ့အာဏာဖီဆန်မှု CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ အစိုးရဝန်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့ ဆရာဝန်တွေ ပါတယ်လို့ KNU ပဒိုစောတောနီးက ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာမယ့်အရေးနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းဖို့အတွက် ထိုင်းနိုင်ငံဘက်က ပြင်ဆင်ဆောင်ရွက်နေပြီး နယ်စပ်တစ်လျှောက်မှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ထိုင်းစစ်တပ်ဘက်က ပြောထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးလာသူ လူ တစ်ထောင်နီးပါးရှိ  ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးလာသူ လူ တစ်ထောင်နီးပါးရှိ Reviewed by THITHTOOLWIN on 23:44 Rating: 5

No comments:

Powered by Blogger.