ပဲခူးအနီးက အကြမ်းဖက်စစ်တပ် -၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ





(၁၈/၃/၂၀၂၁)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးတိုက်နယ်၊ ဘောနတ်ကြီးကျေးရွာအုပ်စု၊ ဘောနတ်ကြီးကျေးရွာရှိ နယ်မြေခံအကြမ်းဖက်တပ်ရင်းကို (၁၈) ရက်မနက်အစောပိုင်းက ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဘေးရှိ ဝါးကတုတ် ဆည်ပေါ်နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်ကနေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရသူက ဝန်ခံပြောဆိုထားပါတယ်။

၁၀၇ မမ ရှော့တိုက်ဒုံးသီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ပေမဲ့ လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိဘူးလို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဒေသခံတွေအပြောအရကတော့ စစ်သားတချို့သေဆုံးဒဏ်ရာရခဲ့တယ်ဆိုပါတယ်။

ဒေသခံတွေရဲ့ FB စာမျက်နှာတွေမှာတော့ (၁၇) ယောက်သေဆုံးခဲ့တယ်ဆိုပြီးဖေါ်ပြနေတာတွေ့ရပါတယ်။

အလားတူ မော်လမြိုင်မြို့ ရွှေနတ်တောင်ပေါ်မှာလည်း တိုင်းစစ်ဌာနချုပ်ကို အချိန်ကိုက်စနစ်နဲ့ ပစ်ခတ်ဖို့ စီမံထားတဲ့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး အချိန်မှီ တွေ့ရှိခဲ့ရတယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရက ပြောထားပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

ပဲခူးအနီးက အကြမ်းဖက်စစ်တပ် -၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ ပဲခူးအနီးက အကြမ်းဖက်စစ်တပ် -၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 05:52 Rating: 5

No comments:

Powered by Blogger.