ရခိုင်ကျောင်းသားသမဂ္ဂ နဲ့ လူမှုရေးအဖွဲ့အစည်းတွေ "နွေဦးတော်လှန်ရေး" နဲ့အတူရပ်တည်မည်



Share/Bookmark
ရခိုင်ပြည်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သုံး ဦး။ (စက်တင်ဘာ ၀၉၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို လက်မခံပဲ နွေဦးတော်လှန်ရေး အဖြစ်သတ်မှတ်ပြီး တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံတလွှားက ကျောင်းသားတွေ ပြည်သူတွေနဲ့အတူ ရခိုင်ကျောင်းသားအဖွဲ့ တွေကလည်း တသားတည်း ရပ်တည်မှာ ဖြစ်ကြောင်း ရခိုင်ကျောင်းသားသမဂ္ဂ အဖွဲ့ပေါင်း ၁၁ ဖွဲ့က မတ်လ ၂၁ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

တချိန်ထည်းမှာပဲ အာဏာသိမ်းထားတဲ့စစ်တပ်က လက်နက်မဲ့ပြည်သူတွေ အပေါ် အင်အားအလွန်အကျွံသုံး ဖြိုခွဲမှုကို လုံးဝရပ်ဆိုင်းဖို့နဲ့ စစ်တပ်အာဏာသိမ်းထားတာ ကို အမြန်ဆုံးစွန့်လွှတ်ဖို့ ရခိုင် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၇၇ ဖွဲ့ကလည်း တညီတညွှတ်ထည်း ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီ တရက်ကနေ မတ်လ ၂၁ ရက်နေ့အထိ ရက်ပေါင်းး ၄၈ ရက်အတွင်း စစ်တပ်အာဏာပိုင်တွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် သေဆုံးသူ ၂၅၀ နီးပါးနဲ့ ဖမ်းဆီး၊ အရေးယူအပြစ်ပေးခံရသူ ၂၃၀၀ ကျော်ရှိနေပြီဖြစ်ပြီး ထိခိုက်ဆုံးရှုံးရသူတွေနဲ့ ထပ်တူဝမ်းနည်းကြောင်းနဲ့ အဖမ်းခံနေရသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အလေးအနက် တောင်းဆိုကြောင်းလည်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင် လှုပ်ရှားမှူတွေ နိုင်ငံအနှံ့ ကြီးထွားလာနေပေမယ့်လည်း တပ်မတော်နဲ့ တိုက်ပွဲအကြီး အကျယ်ဖြစ်ခဲ့တဲ့ ရခိုင်ဒေသမှာတော့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှူတွေ အနည်း အကျဉ်း လောက်သာ ရှိနေတာပါ။

ရခိုင်ပြည်သူလူထု ထောက်ခံမှူအများဆုံးရရှိထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို အရင်အစိုးရလက်ထက်က အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သတ်မှတ်ထားရာကနေ အာဏာသိမ်းစစ်တပ်က မတ်လ ၁၁ ရက်နေ့မှာ အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့သလို မြန်မာနိုင်ငံတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အဖွဲ့ မတရားအသင်းအဖွဲ့တွေကနေ ပယ်ဖျက်ကြောင်း CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကလည်း ကြေညာခဲ့တာ ဖြစ်ပါတယ်။


  ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/rakhine-students-union-and-civil-groups-stand-together-with-spring-revolution/5823474.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ