မြောက်ဒဂုံက ပစ်ခတ်ခံရသူအလောင်း စစ်တပ်လုယူသွား



ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ထဲမှာ မတ်လ ၁၁ ရက် ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွဲခဲ့လို့ တစ်ဦးသေဆုံးခဲ့ပါတယ်။

၂၅ နှစ်အရွယ် ကိုချစ်မင်းသူဟာ ဦးခေါင်းကို သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့တာပါ။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရပ်ကွက်ထဲမှာ ထားဖို့မဖြစ်နိုင်တာကြောင့် ပရဟိတအဖွဲ့ကားနဲ့ မြောက်ဥက္ကလာဆေးရုံကို ပြောင်းသယ်သွားချိန် လမ်းမှာ စစ်တပ်က လုယူသွားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

မိသားစုဝင်တွေက အလောင်းပြန်မရသေးတာကြောင့် ဈာပနအခမ်းအနားရက်ကိုလည်း မသတ်မှတ်ရသေးပါဘူး။

ဒီကနေ့ မြောက်ဒဂုံဖြိုခွဲခံရမှုမှာ တစ်ဦးသေဆုံးပြီး နောက်ထပ် ၂ ဦးလည်း သေနတ်ကျည်ထိမှန်ပြီးတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

RFA Burmese




မြောက်ဒဂုံက ပစ်ခတ်ခံရသူအလောင်း စစ်တပ်လုယူသွား မြောက်ဒဂုံက ပစ်ခတ်ခံရသူအလောင်း စစ်တပ်လုယူသွား Reviewed by THITHTOOLWIN on 22:43 Rating: 5

No comments:

Powered by Blogger.