စမ်းချောင်းမြို့နယ်ထဲမှာလက်နက်တစ်လက်ပျောက်သွားလို့ ပြန်ပေးကြပါဆိုပြီး အသံချဲ့စက်နဲ့လမ်းထဲမှာ အော်နေပြီး လက်နက်ရရင်ပြန်ပါ့မယ်လို့ ပြောကြောင်းစမ်းချောင်းဒေသခံတွေကပြောပါတယ်။
ရဲတပ်ဖွဲ့ဘက်က မင်္ဂလာလမ်းက အိမ်တွေကို မီးတွေဖွင့်ထားဖို့ အသံချဲ့စက်နဲ့အော်ပြီး သတိပေးသွားတယ်လို့ လည်း အဲဒီမှာနေထိုင်သူတွေက ပြောပါတယ်
ဗားကရာလမ်း ဗဟိုလမ်းနဲ့ မင်္ဂလာလမ်းဘက်မှာ ရဲတပ်ဖွဲ့က စီးနင်းထားလို့စမ်းချောင်းက ပြည်သူတွေ ဆန္ဒပြနေကြတာရှိတယ်လို့့လည်းဒေသခံတွေက ပြောပါတယ်။
ဗားကရာလမ်းပေါ်က စမ်းချောင်းမီးသတ် တစ်ဝိုက်မှာ စစ်ကားတွေ ရဲကားတွေထပ်ရောက်လာပြီးနေရာယူထားတယ်လို့လည်းမျက်မြင်တွေက ပြောပါတယ်။
BBC Burmese
စမ်းချောင်း မင်္ဂလာလမ်း ကိုပိတ်ထားပြီးလက်နက်ရှာနေ
Reviewed by THITHTOOLWIN
on
22:25
Rating:

No comments:
Post a Comment