သာကေတမှာ ညက ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူနှစ်ဦးသေဆုံး

မနေ့ည သန်းခေါင်ကျော်အချိန်အင်တာနက်တွေပြတ်တောက်ခါနီးမှာ သာကေတမြို့နယ်၊ အမှတ် ၁ ရဲစခန်းရှေ့မှာ ညသပိတ်က ဖမ်းဆီးသွားသူတွေကို ပြန်လွှတ်ပေးဖို့ သာကေတမြို့နယ် လူထုက ဝိုင်းဝန်းတောင်းဆိုတာကို စစ်တပ်နဲ့ရဲက လူစုခွဲပစ်ခတ်နှိမ်နင်းခဲ့ရာကနေ အမျိုးသားနှစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့ရပါတယ်။

သေဆုံးသူနှစ်ဦးမှာ သာကေတ မာန်ပြေ ၃ လမ်းက လူငယ်အမျိုးသားနှစ်ဦးဖြစ်ပြီး တစ်ဦးမှာ ရုပ်အလောင်းရရှိပေမယ့် နောက်တစ်ဦးကိုတော့ အလောင်းပြန်မရသေးကြောင်း သိရပါတယ်။ သာကတေမြို့နယ်မှာ ညသပိတ်ပြုလုပ်နေစဉ် လူငယ် ၃ ဦးကို ရိုက်နှက်ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ပေးဖို့ သာကေတ အမှတ် ၁ ရဲစခန်းရှေ့ သွားရောက်စုရုံးတောင်းဆိုခဲ့ကြတာပါဖြစ်ပါတယ်။

ညအင်တာနက်တွေပြတ်တောက်ခါနီးမှာ သေနတ်သံ အနည်းဆုံး အချက် ၂၀ ထက်မနည်းပစ်ခတ်သံတွေကိုလည်း ကြားခဲ့ရသလို ရဲစခန်းရှေ့လူအုပ်ကို ဖြိုခွဲဖို့ စစ်ကားတွေ မဟာဗန္ဓုလတံတားဘက်ကနေ မနေ့ မနက် ၁ နာရီထိုးခါနီးမှာ ဆင်းလာပြီမို့ အမြန်လူစုခွဲကြဖို့ သာကတေမြို့နယ်လူထု တွေစုပေါင်းဖွဲ့စည်းထားတဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ဂရုကနေ အချင်းချင်းသတိပေးပြောကြားတာတွေလည်းရှိခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

သာကေတမှာ ညက ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူနှစ်ဦးသေဆုံး  သာကေတမှာ ညက ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:02 Rating: 5

No comments:

Powered by Blogger.