ဒေါက်တာဇော်ဝေစိုးကို သေဒဏ်ပေးနိုင်တဲ့ အမှုနဲ့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ဆို



ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဝန်ကြီးဌာနလေးခု တာဝန်ပေးထားတဲ့ ဒေါက်တာဇော်ဝေစိုးကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကကြေညာသွားပါတယ်။

ဒါ့အပြင် လသာမြို့နယ် ရဲစခန်းမှာလည်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဒေါက်တာဇော်ဝေစိုးဟာ နိုင်ငံတော် သစ္စာဖောက်ဖျက်တဲ့ CRPH မှာပါဝင်ဆောင်ရွက်နေပြီး ဝန်ထမ်းတွေကိုလည်း CDM မှာ ပါဝင်အောင် လှုံ့ဆော်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီကြေညာချက်တွေထဲမှာ ရာဇသတ်ကြီး ပုဒ်မ ၁၂၂ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုအတွက် အမြင့်ဆုံး သေဒဏ်ကနေ ထောင် နှစ် ၂၀ အထိ ချမှတ်နိုင်တယ်လို့လည်း ကြေညာသွားပါတယ်။

CRPH ဘက်ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့လို့ ကြေညာထားပြီး သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်မလွတ်မြောက်သေးခင်ကြားကာလအစိုးရအဖွဲ့နဲ့ ယာယီဝန်ကြီးတွေ ခန့်ထားပြီး အာဏာရှင် ကျဆုံးရေး ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

ဒေါက်တာဇော်ဝေစိုးကို သေဒဏ်ပေးနိုင်တဲ့ အမှုနဲ့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ဆို ဒေါက်တာဇော်ဝေစိုးကို သေဒဏ်ပေးနိုင်တဲ့ အမှုနဲ့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ဆို Reviewed by THITHTOOLWIN on 23:11 Rating: 5

No comments:

Powered by Blogger.