မတ်လ ၁၄ ရက်နေ့က မန္တလေးမြို့မှာ စစ်တပ်နဲ့ရဲတို့ ပစ်ခတ်တာကြောင့် ၄၂ လမ်း နဲ့ ၈၅ လမ်းအနီးမှာ အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့သိရပါတယ်။
နေ့လည်ပိုင်းက မြတောင်ဘုန်းကြီးတိုက်ကိုသပိတ်ခေါင်းဆောင်ကို စစ်နဲ့ရဲက ဝိုင်းကာ ကျောင်းထဲထိ ဝင်စစ်ဆေးတာတွေလုပ်လို့ ဒေသခံတချို့က ဆန္ဒပြတာတွေ ပြုလုပ်ပါတယ်။ ဒီနောက်ပိုင်းမှာ ပြည်သူနဲ့ စစ်တပ်တို့ ထိပ်တိုက်တွေ့ပြီး စစ်တပ်နဲ့ရဲဘက်က ပစ်ခတ်တာတွေ စတင်လာပါတယ်။
" ရာဘာကျည်ထိတာ နှစ်ယောက်၊ ကျည်အစစ်ထိတာ တစ်ယောက်။ တစ်ခါတည်းရဲကားတွေနဲ့ ဆွဲခေါ်သွားတာ တွေ့လိုက်တယ်။ အဓိကမိန်းလမ်းတွေကို သူတို့က တပ်စွဲထားတာ
၃၅လမ်းကနေ ၄၁လမ်းတစ်လျှောက် ၈၃လမ်းကနေ ၈၇လမ်းတစ်လျှောက် ဆက်တိုက်ဆိုသလို ပစ်နေကြတာ။အခု ခဏအပစ်ရပ်နေတာ"လို့ ညနေပိုင်း အခြေနေကို ပစ်ခတ်မှု ဖြစ်ပေါ်နေတဲ့ ရပ်ကွက်ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်မှာ ကျည်ထိမှန်ဒဏ်ရာရရှိသူ ၅ ဦးရှိပြီး ဖမ်းဆီးခံရသူ ၂၀ ဝန်းကျင်ခန့်ရှိနိူင်တယ်လို့ သိရပါတယ်။
မနေ့ ကလည်း မန္တလေးစိန်ပန်းရပ်ကွက်မှာ စစ်အာဏာရှင် ဆန့်ကျင်တဲ့ မန္တလေးတပ်ပေါင်းစု ထိုင်သပိတ်ကို ရဲနှင့်စစ်သားတွေ ပိတ်ဆို့ ဖြိုခွဲ ဖမ်းဆီးခဲ့တာကြောင့် ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူ အများအပြားရှိခဲ့ပါတယ်။
BBC Burmese

No comments:
Post a Comment