စစ်တပ်မဟုတ် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့သာဖြစ်သည်





(၃၀/၃/၂၀၂၁)

တောင်ဒဂုံမှာ အကြမ်းဖက်ဖက်ဆစ်တပ်က စစ်မြေပြင်သုံး လက်နက်ကြီးများအသုံးပြု တိုက်ခိုက်ခဲ့သလို လူမဆန်စွာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံတကာသံတမန်တွေက တရားဝင်ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်ဟာ လက်နက်မဲ့ပြည်သူတွေကို အနိုင်ကျင့်ဖို့ ဖွဲ့ထားတဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်တယ်လို့လည်း ကုလသမဂ္ဂကျွမ်းကျင်သူတွေက ပြောထားပါတယ်။ 

မနက်ဖန်အရေးပေါ်ပြုလုပ်မဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမတိုင်ခင်မှာ မြန်မာစစ်တပ်ကို လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နိုင်ငံတကာနဲ့ ကုလသမဂ္ဂကျွမ်းကျင်သူတွေက ခေါ်ဝေါ်သုံးစွဲလာတာဖြစ်ပါတယ်။

အမေရိကန်အစိုးရကလည်း မြန်မာစစ်တပ်လုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိတဲ့အကြမ်းဖက်လုပ်ရပ်တွေလို့ ပြောဆိုထားပါတယ်။ 

ရန်ကုန်ကအမေရိကန်စင်တာကို မြန်မာစစ်တပ် စရဖ က ပစ်ခတ်သွားတာဟာ အမေရိကန်ကို တိုက်ရိုက်ခြိမ်းခြောက်တဲ့အကြမ်းဖက်လုပ်ရပ်အဖြစ် အမေရိကန်က သုံးသပ်ထားကြောင်းသိရပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

စစ်တပ်မဟုတ် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့သာဖြစ်သည် စစ်တပ်မဟုတ် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့သာဖြစ်သည် Reviewed by THITHTOOLWIN on 19:42 Rating: 5

No comments:

Powered by Blogger.