မြန်မာငွေစက္ကူထုတ်ဖို့ ကုန်ကြမ်း တင်သွင်းမှု ဂျာမနီကုမ္ပဏီ ဆိုင်းငံ့လိုက်

 မြန်မာငွေစက္ကူကျပ် ထုတ်ဖို့ ကုန်ကြမ်းတွေကို Giesecke+Devrient ကုမ္ပဏီဆီက မှာယူ တင်သွင်းခဲ့

ဂျာမနီနိုင်ငံ Giesecke+Devrient ကုမ္ပဏီက မြန်မာနိုင်ငံသုံး ငွေစက္ကူတွေ ပုံနှိပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်သွင်းမှုအားလုံးကို ချက်ချင်း ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဒီကနေ့ မတ်လ ၃၁ ရက် နေ့စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

Giesecke+Devrient ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အထူးစိုးရိမ် ဝမ်းနည်းစိတ်နဲ့ စောင့်ကြည့် လေ့လာနေခဲ့ပြီး အာဏာသိမ်းစစ်တပ်နဲ့ မြန်မာပြည်သူတွေအကြား အကြမ်းဖက် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် အခုလို ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ Giesecke+Devrient ကုမ္ပဏီအနေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ရော၊ ဂျာမနီအစိုးရ၊ သံတမန်အဖွဲ့အစည်းတွေနဲ့ပါ ဆက်သွယ် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

Giesecke+Devrient ကုမ္ပဏီဟာ ဗဟိုဘဏ်နဲ့ မြန်မာ ပြည်သူပြည်သားတွေ အသုံးပြုနိုင်ဖို့အတွက် မြန်မာနိုင်ငံသုံး ငွေစက္ကူတွေ ပုံနှိပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်သွင်းဖို့နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်နဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်နေတာ ဖြစ်ပါတယ်။

အခုလို ကုန်ကြမ်းပစ္စည်းတင်သွင်းမှု မဆိုင်းငံ့ခင် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကတည်းက Giesecke+Devrient ကုမ္ပဏီဟာ မြန်မာနိုင်ငံနဲ့ စီးပွာရေး အဆက်အသွယ်တွေ ကန့်သတ်ထားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မြန်မာငွေစက္ကူထုတ်ဖို့ ကုန်ကြမ်း တင်သွင်းမှု ဂျာမနီကုမ္ပဏီ ဆိုင်းငံ့လိုက်  မြန်မာငွေစက္ကူထုတ်ဖို့ ကုန်ကြမ်း တင်သွင်းမှု ဂျာမနီကုမ္ပဏီ ဆိုင်းငံ့လိုက် Reviewed by THITHTOOLWIN on 21:49 Rating: 5

No comments:

Powered by Blogger.