မန်းဝင်းခိုင်သန်းကိုနိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့တရားစွဲ

 နိုင်ငံတော်အခြေပြမိန့်ခွန်းကို မန်းဝင်းခိုင်သန်းပြောကြားခဲ့

CRPH က ခေတ္တဒုတိယသမ္မတအဖြစ် ခန့်ထားတဲ့ မန်းဝင်းခိုင်သန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ စစ်ကောင်စီက အမှုဖွင့်ထားကြောင်း ထုတ်ပြန်ကြေညာပါတယ်။

မြဝတီမြို့ အမှတ်၃ရပ်ကွက်မှာနေတဲ့ မန်းဝင်းခိုင်သန်းဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ကျူးလွန်ထားတဲ့ CRPH က ခန့်ထားတဲ့ဒုသမ္မတ ရာထူးကို လက်ခံထားတဲ့အပြင် နိုင်ငံတော်အကြီးအကဲတစ်ဦးကဲ့သို့ မိန့်ခွန်းပြောကြားခဲ့တဲ့အတွက် ပုဒ်မ၁၂၂၊အပိုဒ်ခွဲ၁ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ မြဝတီမြို့မှာ အမှုဖွင့်တရားစွဲဆိုထားတယ်လို့ မြန်မာ့ရုပ်မြင်သံကြားက မတ်လ၁၇ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားတာ ဖြစ်ပါတယ်။

ပုဒ်မ၁၂၂၊ အပိုဒ်ခွဲ၁ဟာ သေဒဏ် သို့မဟုတ် ထောင်ဒဏ်အနှစ်၂၀ အပြစ်ဒဏ်ကျခံရနိုင်တဲ့ အမှုဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မန်းဝင်းခိုင်သန်းကိုနိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့တရားစွဲ  မန်းဝင်းခိုင်သန်းကိုနိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့တရားစွဲ Reviewed by THITHTOOLWIN on 23:45 Rating: 5

No comments:

Powered by Blogger.