မနေ့က မြင်းခြံသပိတ်မှာ မျက်လုံးအောက် ကျည်ဆန်မှန်သူ သေဆုံး

 မနေ့က မြင်းခြံသပိတ်မှာ မျက်လုံးအောက် ကျည်ဆန်မှန်သူ သေဆုံး

မနေ့ မတ်လ ၁၀ရက် က မြင်းခြံမြို့သပိတ်ကို ဖြိုခွဲရာမှာ မျက်လုံးအောက် ကျည်ဆန်ထိမှန်ခဲ့သူ အသက် (၂၂) အရွယ် အမျိုးသားဟာ ဒီနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှာ သေဆုံးသွားပါတယ်။ 

"ဘယ်ဘက်မျက်လုံး မျက်ဝတ်ထွက်တဲ့နားကို ရာဘာကျည်မှန်တာ။ အခု ကွယ်လွန်သွားပြီ။" လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

 မနေ့က မြင်းခြံမြို့ သပိတ်စစ်ကြောင်းဖြိုခွဲမှူ ဖြစ်စဉ်မှာ ၂ ဦးဒဏ်ရာရရှိခဲ့ပြီး ပေါင်ကို ကျည်အစစ်ထိမှန်သူဟာ အရိုးကြေသွားတာကြောင့် ကုသနေရဆဲဖြစ်တယ်လို့လည်း သူက ဆက်ပြောပြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မနေ့က မြင်းခြံသပိတ်မှာ မျက်လုံးအောက် ကျည်ဆန်မှန်သူ သေဆုံး  မနေ့က မြင်းခြံသပိတ်မှာ မျက်လုံးအောက် ကျည်ဆန်မှန်သူ သေဆုံး Reviewed by THITHTOOLWIN on 20:58 Rating: 5

No comments:

Powered by Blogger.