မုံရွာ ပစ်ခတ်မှုတွင် ကုသနေရသူတစ်ဦး ယနေ့သေဆုံး


မုံရွာ၊မတ်-၁၁

မတ်လ ၃ရက်က မုံရွာ ပြည်ထောင်စုလမ်း ဘုရားနီအနီး ပစ်ခတ်ဖြိုခွင်းမှုတွင် ကျည်ထိမှန်ခဲ့သော အမျိုးသားတစ်ဦးမှာ ယနေ့မနက်တွင် သေဆုံးကြောင်း မိသားစုဝင်များက အတည်ပြုသည်။

၎င်းမှာ လက်မောင်ရင်းပေါက်ထွက်၊နံရိုးကျိုးကာ အဆုတ်ကိုလည်း ထိခိုက်ခဲ့သူဖြစ်ပြီးယင်းနေ့ကတည်းက မန္တလေးဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသူ ဖြစ်သည်။

"ဒီမနက် ၆နာရီ ၄၅မှာ ဆုံးသွားပါတယ်။ အိမ်ကို ခေါ်လာတော့မှာပါ။ ခုက ဆေးရုံမှာပဲရှိပါသေးတယ်။"ဟု သေဆုံးသူ၏ ဖခင်က ပြောသည်။

သေဆုံးသူမှာ ဦးအောင်ဆန်းဦး (ခ )ချစ်စမ်းအောင် ဖြစ်ပြီး အသက်  ၃၈နှစ်ရှိပြီဖြစ်သည်။ မိသားစုနှင့်အတူ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်ခဲ့သူဖြစ်သည်။

ဘုရားနီ အနီး ဆန္ဒပြပွဲကို ရဲနှင့်စစ်တပ်မှ ဖြိုခွင်းခဲ့သည့်နေ့က ရှစ်ဦးကျဆုံးခဲ့သဖြင့် ယနေ့မနက် သေဆုံးသွားသူနှင့်ဆိုလျှင် စုစုပေါင်း ကိုးဦးရှိပြီ ဖြစ်သည်။


Monywa Gazette

https://www.facebook.com/monywagazette

မုံရွာ ပစ်ခတ်မှုတွင် ကုသနေရသူတစ်ဦး ယနေ့သေဆုံး မုံရွာ ပစ်ခတ်မှုတွင် ကုသနေရသူတစ်ဦး ယနေ့သေဆုံး Reviewed by THITHTOOLWIN on 21:01 Rating: 5

No comments:

Powered by Blogger.