တာမွေမြို့နယ်က တိုက်အချို့ မီးလောင်ဗုံးနဲ့ မီးရှို့ဖျက်ဆီးခံရ



ရန်ကုန်မြို့မှာ ပြည်သူတွေကို စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးရိုက်နှက်မှုဖြစ်စဉ်တွေ တိုးပွားလာနေချိန်မှာ တာမွေမြို့နယ်က စတိုးဆိုင် တစ်ဆိုင်ကတော့ အမည်မသိလူတစ်စုက မနေ့က မီးလောင်ဗုံးနဲ့ မီးရှို့ဖျက်ဆီးသွားတာ ခံလိုက်ရပါတယ်။

မတ်လ ၁၉ရက်နေ့ မနက် ၆နာရီလောက်က တာမွေမြို့နယ် ဗညားဓလလမ်းထဲ က M 21 sports collection အားကစားပစ္စည်း အရောင်းဆိုင် ထဲကို အမည်မသိ လူအချို့က မီးလောင်ဗုံး ပစ်ထည့်ပြီး မီးရှို့သွားတဲ့အတွက် အဲဒီတိုက်နဲ့ အနီးက တိုက်အချို့ မီးလောင်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက တာမွေမြို့နယ် ဗညားဓလလမ်းထဲမှာ ချထားတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပြီး၊ ဖယ်မပေးတဲ့နောက် အခုလို မီးလောင်ဗုံး ပစ်သွင်းပြီး မီးရှို့ခံခဲ့ရတာလို့ အဲဒီမီးလောင်သွားတဲ့ တိုက်အနီးမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပြပါတယ်။ ကာယကံရှင်ရဲ့ လုံခြုံရေးအတွက် အင်တာဗျူးဖြေဆိုသူရဲ့ အသံကို မမှတ်မိအောင် ပြောင်းလဲထားပါတယ်။

RFA Burmese



တာမွေမြို့နယ်က တိုက်အချို့ မီးလောင်ဗုံးနဲ့ မီးရှို့ဖျက်ဆီးခံရ တာမွေမြို့နယ်က တိုက်အချို့ မီးလောင်ဗုံးနဲ့ မီးရှို့ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 07:55 Rating: 5

No comments:

Powered by Blogger.