မတ်လ ၂၉ ရက်နေ့ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ၅ ဦးထက်မနည်းသေဆုံး

မတ်လ ၂၉ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ အနည်းဆုံး ၅ဦးထက်မနည်း အသက်ဆုံးရှုံး တယ်လို့ဒေသခံတွေက တစ်ဆင့် သိရပါတယ်။ ‌

သာကေတ၊ဒဂုံတောင်အပါအဝင်မြို့နယ်အချို့မှာ ပြည်သူတွေကာရံထားတဲ့ လုံခြုံရေးအတားအဆီး တွေကို ဖယ်ရှားပြီး သပိတ်တွေကို ဖြိုခွင်းချိန်မှာ ပစ်ခတ်မှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။

ဒဂုံတောင်၊ ပုဂံလမ်းနဲ့ လှော်ကားလမ်းမကြီးက ၅၆ရပ်ကွက်သပိတ်ကို ဖြိုခွင်းချိန်မှာဆိုရင် အင်အားပြင်းတဲ့ လက်နက်တွေကိုသုံးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ဘီဘီစီကိုပြောပါတယ််။

အသံဗုံးထက် အဆများစွာပြင်းထန်တဲ့ လက်နက်မျိုးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ တောင်ဒဂုံဒေသခံတစ်ဦးကပြောပါတယ်။

အတားအဆီးတွေကို အရင်ဖြိုဖျက်အပြီး ပစ်ခတ်မှုတွေကြောင့်၅၆ရပ်ကွက်သပိတ်မှာ သေဆုံးသူ ၃ဦး ရှိခဲ့တယ်လိုလည်း သူတို့ကပြောပါတယ်။

သပိတ်ကိုဖြိုခွဲရာမှာ တပ်နဲ့ရဲတို့က နေအိမ်အဆောက်အအုံတွေကိုပစ်ခတ်တာအပြင် လမ်းပေါ်က အများပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးတာမျိုး၊ ကားတွေကို ရိုက်ခွဲကြတာတွေလည်း လုပ်ခဲ့တယ်လို့ မျက်မြင်တွေထံက သိရပါတယ်။

ဒဂုံတောင်မြို့နယ် ၇၁ရပ်ကွက်က သပိတ်ကို ဖြိုခွဲရာမှာလည်း အနည်းဆုံး၄ဦးသေဆုံးခဲ့တယ်လို့ မြို့နယ်တွင်းက ကူညီရေး အသင်းကနေ သိရပါတယ်။

သာကေတမှာလည်း သေနတ်ကျည်ထိလို့ သေဆုံးမှုတွေရှိတယ်လို့ သိရပြီး ဘီဘီစီက သီးခြား အတည်မပြုနိုင်သေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မတ်လ ၂၉ ရက်နေ့ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ၅ ဦးထက်မနည်းသေဆုံး  မတ်လ ၂၉ ရက်နေ့ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ၅ ဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.