ကမ္ဘာဇ ဘဏ်မှာ ငွေထုတ်သူ အချို့အဖမ်းခံရ


မတ်လ ၁၆ ရက် အင်္ဂါနေ့က ပြည်လမ်း ပေါ်မှာ ရှိတဲ့ ကမ္ဘာဇ ဘဏ်ကို လာရောက် ငွေထုတ်ကြသူ တွေနဲ့ ဘဏ်ဝန်ထမ်းတွေ ကြား ငွေထုတ်မပေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ စကားများကြပြီးနောက် ငွေစာရင်းဖွင့်ထားသူ လေးယောက်ကို စစ်သားနဲ့ ရဲတွေက လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ ဘဏ်ကိုသွားရောက်ခဲ့သူတွေက ပြောပါတယ်။

ကိုယ်အပ်ထားတဲ့ငွေ ကိုယ်ပြန်ထုတ်တာကို ငွေလွှဲဝန်ဆောင်မှုပဲ လုပ်ပေးနိုင်မှာ ဖြစ်ပြီး ငွေထုတ်မပေးနိုင်ဘူးလို့ဘဏ်က ပြောတဲ့အတွက် မကျေမနပ်ဖြစ်ကြရာက မူလကတည်းက လုံခြုံရေးယူထားသူတွေ မဟုတ်တဲ့ လက်နက်ကိုင် လုံခြုံရေးတွေက ဘဏ်ထဲကို ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ အဖမ်းခံရသူတွေရဲ့ မိသားစုက ပြောပါတယ်။

ဖမ်းခေါ်သွားတာ ခံရတဲ့လေးယောက်ကို ဘယ်ခေါ်သွားမှန်းမသိ၊ ဘယ်မှာ ဖမ်းဆီးထားမှန်း မသိဘူးလို့ စိုးရိမ်နေတယ်လို့ အဖမ်းခံရသူတွေထဲက နှစ်ယောက်ဖြစ်တဲ့ လှိုင်မြို့နယ်မှာ နေထိုင်သူ ဒေါ်ခင်ခင်စီနဲ့ ဒေါ်မြင့်မြင့်သူ တို့ရဲ့ တူမ ဖြစ်တဲ့ မဘေးဘေးက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ကမ္ဘောဇဘဏ်ဘက် ကတုံပြန့်ပြောဆိုတာမျိုးမရှိသေးပါဘူး။

ကမာရွတ်၊ ပြည်လမ်းက ပုဂ္ဂလိကဘဏ််််််််တစ်ခု ကို လူလေးဦးဝင်လာပြီး၊ စီဒီအမ် မလုပ်သဖြင့်၊ ဘဏ်ဖွင့်သဖြင့် ဆဲဆိုတာ‌တွေ လုပ်လို့ဆိုပြီး လေးဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ မြန်မာရုပ်မြင်သံကြားက ညပိုင်း သတင်းမှာ ထုတ်ပြန်သွားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ကမ္ဘာဇ ဘဏ်မှာ ငွေထုတ်သူ အချို့အဖမ်းခံရ  ကမ္ဘာဇ ဘဏ်မှာ ငွေထုတ်သူ အချို့အဖမ်းခံရ Reviewed by THITHTOOLWIN on 23:51 Rating: 5

No comments:

Powered by Blogger.