ဘီဘီစီ သတင်းထောက် ကိုအောင်သူရ ပြန်လည်လွတ်မြောက်



Share/Bookmark
ဘီဘီစီ သတင်းထောက် ကိုအောင်သူရ ပြန်လည်လွတ်မြောက် BBC သတင်းဌာနက နေပြည်တော်သတင်းထောက် ကိုအောင်သူရ ကို တွေ့ရစဉ် / Photo: BBC

မတ်လ ၁၉ ရက် သောကြာနေ့က ဖမ်းဆီးခံရတဲ့ နေပြည်တော် အခြေစိုက် ဘီဘီစီ သတင်းထောက် ကိုအောင်သူရ ဒီကနေ့မနက် ၁၁ နာရီခွဲလောက်က ပြန်လည်လွတ်မြောက်လာကြောင်း ဇနီးဖြစ်သူက အတည်ပြုပြောဆိုပါတယ်။

သူနဲ့အတူ နေပြည်တော် အခြေစိုက် မဇ္ဇျိမသတင်းထောက် ကိုသန်းထိုက်အောင်လည်း ဖမ်းဆီးခံခဲ့ရပြီး သူ့ကိုတော့ ပြန်လွှတ်ပေးတာမျိုး မရှိပါဘူး။

မတ်လ ၁၉ ရက် သောကြာနေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် တရားရုံးရှေ့မှာ သတင်းယူနေစဉ် သူတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ဦးဆောင်တည်ထောင်သူအဖြစ် စွပ်စွဲခံထားရတဲ့ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ကို မတ်လ ၁၉ ရက်နေ့က ရုံးထုတ်စစ်ဆေးတဲ့သတင်းကို သွားရောက်သတင်းယူစဉ် အဖမ်းခံရတာလို့ အမည်မဖော်လိုတဲ့ နေပြည်တော် သတင်းထောက်တစ်ဦးက ပြောပါတယ်။

ဘီဘီစီ သတင်းထောက် ကိုအောင်သူရကို ချွင်းချက်မရှိ ပြန်လွှတ်ပေးလိုက်တဲ့ သဘောမျိုးလို့ ဇနီးဖြစ်သူက အတည်ပြုပြောဆိုပါတယ်။

အဖမ်းခံထားရဆဲဖြစ်တဲ့ မဇ္ဇျိမသတင်းထောက် ကိုသန်းထိုက်အောင် ကို ဘာ့ကြောင့်ပြန်မလွှတ်သလဲ၊ သူ့ကို ဆက်လက်ဖမ်းဆီးပြီး ပုဒ်မတစ်ခုခုနဲ့ တရားစွဲမလားဆိုတာကို တိတိကျကျ မသိရသေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/bbc-reporters-aungthura-released-03222021022757.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ