ဘန်ကောက်၊ မတ် ၁၅၊ ၂၀၂၁
ထိုင်းစစ်တပ်က ရနောင်းနဲ့ ချမ်ဖွန် ခရိုင်တွေမှာ မြန်မာဘက်က ထွက်ပြေးလာမယ့် သူတွေအတွက် ယာယီစခန်းတွေ စီစဉ်နေတယ် လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
Thep Satri Task Force ရဲ့ တပ်မှူး ဗိုလ်ချုပ် Santi Sakuntak က ရနောင်းခရိုင်က Muang, La-un နဲ့ Kra Buri စီရင်စုတွေနဲ့ အနီးနား က ချန်ဖွန်ခရိုင်ကTha Sae စီရင်စုတွေမှာ ယာယီခိုလှုံဖို့နေရာတွေ အဖြစ် သတ်မှတ်ထားတယ်လို့ ပြောကြားပါတယ်။
ထိုင်းနိုင်ငံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ တွေ နဲ့ လက်ခံမှာဖြစ်ပြီး အမြဲတမ်း ဒုက္ခသည်စခန်းတွေ တည်ဆောက်မှာမဟုတ်ဘဲ အခြေအနေ ပြန်ကောင်းလာတာနဲ့ ထွက်ပြေးလာသူတွေကို ပြန်ပို့မှာဖြစ်တယ်လို့လည်း သူက ဆိုပါ တယ်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစကာ မြန်မာ စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွင်းနေပြီး မတ်လ ၁၄ ရက်ကလည်း လူ ၃၉ ဦး သေဆုံးခဲ့ ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက် တင်မြှောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရဖြုတ်ချခံရပြီး နောက် သွေးထွက်သံယိုမှု အများဆုံးနေ့ ဖြစ်တယ်လို့လည်း ဘန်ကောက်ပို့စ် သတင်းမှာ ရေးသား ဖော်ပြထားပါတယ်။
သတင်း - ဘန်ကောက်ပို့စ် (Bangkok Post)
ပုံစာ - မြန်မာနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ရနောင်းခရိုင် မြေပုံ။ မြန်မာပြည် ဆန္ဒပြ မြင်ကွင်းများ။
ဓာတ်ပုံ - Bangkok Post ၊ အင်တာနက် စာမျက်နှာများ
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

No comments:
Post a Comment