သီရိလင်္ကာမှာ မြန်မာစစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်ဆန္ဒပြ



သီရိလင်္ကာနိုင်ငံသားရဟန်းတော်တွေနဲ့ ပြည်သူတချို့၊ သီရိလင်္ကာရောက် ငြိမ်းချမ်းရေး အဖွဲ့ဝင် မြန်မာ ရဟန်းတော်များ စုပေါင်းပြီး အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ကြောင်း ဒီနေ့မတ်လ ၁၂ ရက်မှာ ဆန္ဒပြခဲ့ပြီး၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်များ အမြန်ဆုံး လွှတ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ 

ဒါ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေကို သတ်ဖြတ်ခြင်းကို ချက်ချင်းရပ်ဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။ စစ်ကောင်စီထံ အစည်းဝေးတက်ရောက်ဖို့ ဖိတ်ကြားစာပေးပို့ထားတဲ့သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးထံကိုလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ကန့်ကွက်စာ ပေးအပ်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

သီရိလင်္ကာမှာ မြန်မာစစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်ဆန္ဒပြ သီရိလင်္ကာမှာ မြန်မာစစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်ဆန္ဒပြ Reviewed by THITHTOOLWIN on 21:20 Rating: 5

No comments:

Powered by Blogger.