ရန်ကုန်မြို့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူတွေထဲက လူ ၃၀၀ကျော်ကို ပြန်လွှတ်​






ရန်ကုန်၊ မတ် ၂၆-၂၀၂၁

ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးက ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူတွေအနက် အယောက် ၃၀၀ကျော်ကို ဒီနေ့ မတ် ၂၆ရက် ညနေပိုင်းက အင်းစိန်အကျဉ်းထောင်ကနေ လွှတ်ပေးခဲ့တယ်လို့ လိုက်လံကူညီပေးနေတဲ့ရှေ့နေတွေကနေ သိရပါတယ်။

ဒီနေ့ ပြန်လည်လွတ်​မြောက်သူတွေဟာ  မတ်လ၇ရက်နေ့က ရန်ကုန်မြို့ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးထားသူတွေထဲက အချို့ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေဒေါ်နီလာခိုင်က ပြောပါတယ်။

"ရဲစခန်းတွေ ပို့ပြီးတော့မှ ရဲစခန်းကတဆင့်ပြန်လွှတ်တာပါ ထောင်ကနေကားနဲ့သက်ဆိုင်ရာမြို့နယ်စခန်းတွေကို လိုက်ပို့တာ ပြီးမှသက်ဆိုင်ရာရဲစခန်းကနေပြန်လွှတ်တာပါ" လို့ ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးရာမှာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းအသီးသီးသို့ YBSယာဉ်တွေနဲ့ တင်ဆောင်ပြီးနောက် ရဲစခန်းကနေတဆင့် ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း ပြန်လည်လွတ်​မြောက်လာသူတစ်ဦးက VOMကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ရက်နေ့ကလည်း ရန်ကုန်တိုင်း မြို့နယ်အသီးသီးက ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူတွေအနက် ကျား ၃၆၀ မ၂၆၈ စုစုပေါင်း ၆၂၈ ယောက်ကို အင်းစိန်အကျဉ်းထောင်ကနေ လွှတ်ပေးခဲ့ပါသေးတယ်။

တပ်မတော်က အာဏာရယူပြီးနောက်ဖေဖော်ဝါရီ၁ရက်ကနေ မတ်လ ၂၂ရက်နေ့အထိ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေ စုစုပေါင်း၂၆၈၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အမှုဖွင့် တရားစွဲဆိုခံထားရသူပေါင်း၂၃၀၂ ဦးရှိတယ်လို့ AAPP က မတ်လ ၂၃ရက်မှာ ထုတ်ပြန်ထားပါတယ်။


အေးချမ်းသူ၊မင်းထက်စံ(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

ရန်ကုန်မြို့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူတွေထဲက လူ ၃၀၀ကျော်ကို ပြန်လွှတ်​ ရန်ကုန်မြို့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူတွေထဲက လူ ၃၀၀ကျော်ကို ပြန်လွှတ်​ Reviewed by THITHTOOLWIN on 23:14 Rating: 5

No comments:

Powered by Blogger.