ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ဆက်အရှိန်ထိန်းထားဖို့ ဒေါက်တာဇော်ဝေစိုးပြော


 ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို အရှိန်ဆက်ထိန်းထားဖို့ ဒေါက်တာဇော်ဝေစိုးက ဒီနေ့ ပြောလိုက်ပါတယ်။ 
 
ဒေါက်တာဇော်ဝေစိုးရဲ့ ပြောကြားချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ရဲ့ တယ်လီဂရမ်စာမျက်နှာကနေ မတ်လ ၈ ရက်နေ့ ဒီကနေ့မှာ လွှင့်တင်ခဲ့တာပါ။

စစ်အာဏာရှင် ဆန့်ကျင်ရင်း ကျဆုံးသွားသူတွေ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ မတ်လ ၁၂ ရက်နေ့ကနေ ဧပြီလ ၁၂ ရက်နေ့ထိ အချိန်ကာလ တစ်လသတ်မှတ် လိုက်တယ်လို့လည်း ပြောပါတယ်။

ကျဆုံးသွားသူတွေအတွက် ဒီတစ်လအတွင်း မနက်နဲ့ ညတိုင်းမှာ ဆုတောင်းမေတ္တာပို့တာတွေ၊ စစ်အာဏာဆန့်ကျင်ရေး သီချင်းဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်ကြဖို့နဲ့ ဆန္ဒပြပွဲတွေ မစခင်မှာလည်း ငြိမ်သက်အလေးပြုကြဖို့ သူက တိုက်တွန်းပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH  က ဒေါက်တာဇော်ဝေစိုးကို  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့  ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးနေရာအတွက် ခန့်အပ်ထားပါတယ်။

RFA Burmese



ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ဆက်အရှိန်ထိန်းထားဖို့ ဒေါက်တာဇော်ဝေစိုးပြော ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ဆက်အရှိန်ထိန်းထားဖို့ ဒေါက်တာဇော်ဝေစိုးပြော Reviewed by THITHTOOLWIN on 03:33 Rating: 5

No comments:

Powered by Blogger.