မန္တလေးမြို့က မြရည်နန္ဒာတိုက်ခန်းတွေမှာ ညနေပိုင်း ဝင်ရောက်ဖမ်းဆီးနေ


မန္တလေး-မတ် - ၁၂-၂၀၂၁

ဒီနေ့ မတ်လ ၁၂ ရက် ညနေ ၄ နာရီဝန်းကျင်က မန္တလေး၊ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်က ဆန္ဒပြမှုကို ဖြိုခွဲလို့ ထွက်ပြေးကြတဲ့ သူတွေကို လူနေအိမ်တိုက်ခန်းတွေထဲထိ လိုက်လံဖမ်းဆီးတာမှာ အဆောင်အမှတ် မမ၁၅-နဲ့ တိုက် ၂၁ အခန်း၁၆ က အခန်းတံခါးတွေကိုဖျက်ဝင်ပြီး ရပ်ကွက်လုံခြုံရေးကင်းချသူ ၂ယောက် စုစုပေါင်း ၅ယောက်ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ 

ဖမ်းဆီးတုန်းက အသံဗုံးတွေဖေါက်ခွဲပြီး အင်နဲ့အားနဲ့ဝင်ရောက်ခဲ့သလို  လတ်တလောအခြေအနေမှာတိုက်ခန်းပတ်ဝန်းကျင်တွေကို ရဲတပ်ဖွဲ့က လုံခြုံရေးအင်အားအလုံးအရင်နဲ့ လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မန္တလေးမြို့က မြရည်နန္ဒာတိုက်ခန်းတွေမှာ ညနေပိုင်း ဝင်ရောက်ဖမ်းဆီးနေ မန္တလေးမြို့က မြရည်နန္ဒာတိုက်ခန်းတွေမှာ ညနေပိုင်း ဝင်ရောက်ဖမ်းဆီးနေ Reviewed by THITHTOOLWIN on 19:40 Rating: 5

No comments:

Powered by Blogger.