ရသေ့တောင်က ဒဏ်ရာရကလေးတစ်ဦး စစ်တွေဆေးရုံရောက်ရှိ


ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်၊ ပဲသဒူကျေးရွာမှာ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ကလေးနှစ်ဦးအနက် ဒဏ်ရာပြင်းထန်တဲ့ အသက် ၈ နှစ်အရွယ် မောင်ရဲထွန်းဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ညနေပိုင်းမှာ စစ်တွေဆေးရုံကိုရောက်ရှိလာခဲ့ပါတယ်။

လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ကလေးနှစ်ဦးဟာ ညီအစ်ကိုအရင်းတွေဖြစ်ကြပြီး ညီဖြစ်သူ မောင်ရဲထွန်းမှာ အဆုတ်ပေါက်သွားပြီး မျက်နှာမှာလည်း ထိခိုက်ခဲ့ကာ အသက် ၁၀ နှစ်အရွယ် မောင်လှထွန်းမှာတော့ ကျည်စတွေထိခိုက်တဲ့ ဒဏ်ရာအနည်းငယ်သာရရှိခဲ့တယ်လို့ မိဘတွေကပြောပါတယ်။ ဒဏ်ရာပြင်းထန်တဲ့မောင်ရဲထွန်းဟာ အဆုတ်ထိခိုက်သွားတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့သိရပါတယ်။

သူတို့ညီအစ်ကိုနှစ်ဦးတို့ဟာ မနေ့ကမနက်ပိုင်း ၁၀ နာရီလောက်မှာ ရွာအနီးတောတန်းလေးမှာ လက်ပံပွင့်သွားကောက်ကြစဉ် မပေါက်ကွဲဘဲကျန်ရှိနေတဲ့ လက်နက်ကြီးကျည်ကိုတွေ့ရှိပြီး ကစားရာမှာပေါက်ကွဲသွားခဲ့တာလို့သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

ရသေ့တောင်က ဒဏ်ရာရကလေးတစ်ဦး စစ်တွေဆေးရုံရောက်ရှိ  ရသေ့တောင်က ဒဏ်ရာရကလေးတစ်ဦး စစ်တွေဆေးရုံရောက်ရှိ Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.