စစ်အာဏာဆန့်ကျင်သူတွေကို ပစ်ခတ်ဖြိုခွင်းမှု ဗိုလ်ချုပ်ကြီး ယွက်စစ် ရှုတ်ချ

စစ်အာဏာဆန့်ကျင်သူတွေကို ပစ်ခတ်ဖြိုခွင်းမှု ဗိုလ်ချုပ်ကြီး ယွက်စစ် ရှုတ်ချ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကို ၂၀၂၁ မတ် ၁၁ ရက်နေ့က တွေ့ရစဉ် / Photo: NCA-S EAO

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်နေသူတွေကို တိုက်ပွဲဝင်လက်နက် အပြည့်အစုံနဲ့ ရက်စက်စွာ ပစ်ခတ်ဖြိုခွင်းနေတာတွေကို ကန့်ကွက်ရှုတ်ချကြောင်း ဒီနေ့ပြုလုပ်တဲ့ ငြိမ်းချမ်း ရေးလုပ်ငန်း ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှာ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောလိုက်ပါတယ်။

အထွေထွေ သပိတ်မှာပါဝင်သူတွေ၊ CDM မှာ ပါဝင်တဲ့သူတွေ၊ ညအချိန်မတော် စစ်ကောင်စီ လက်အောက်ခံ တပ်မတော်သားတွေ၊ ရဲတွေက ရပ်ကွက်တွေပိတ်ပြီး တစ်အိမ်တက်တစ်အိမ်ဆင်း ဥပဒေမဲ့ မင်းမဲ့စရိုက် ဆန်ဆန် ဖမ်းဆီးတာတွေ ဆက်မလုပ်ဖို့နဲ့ ဖမ်းဆီးထားသူတွေကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က တောင်းဆိုလိုက်ပါတယ်။

PPST အနေနဲ့ ပြည်သူလူထုနဲ့ အတူရပ်တည်ပြီး ပြည်သူလူထု ဆန္ဒအတိုင်း ရပ်တည်ဆောင်ရွက်တဲ့ အဖွဲ့ အစည်းတွေနဲ့ လက်တွဲပူးပေါင်းပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိကာလ၊ လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးတာတွေကို ရပ်ဆိုင်းထားတဲ့ ဆုံးဖြတ် ချက်ကို အခိုင်အမာ ဆက်လက်စွဲကိုင်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြရင်း စစ်ကောင်စီအကြမ်းဖက် သတ်ဖြတ်တာကြောင့် သေဆုံးခဲ့တဲ့သူတွေအတွက် ဝမ်းနည်းကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

PPST အဖွဲ့ကို NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/general-ywetsit-condemns-crackdown-on-protesters-03112021005536.html

စစ်အာဏာဆန့်ကျင်သူတွေကို ပစ်ခတ်ဖြိုခွင်းမှု ဗိုလ်ချုပ်ကြီး ယွက်စစ် ရှုတ်ချ  စစ်အာဏာဆန့်ကျင်သူတွေကို ပစ်ခတ်ဖြိုခွင်းမှု ဗိုလ်ချုပ်ကြီး ယွက်စစ် ရှုတ်ချ Reviewed by THITHTOOLWIN on 20:36 Rating: 5

No comments:

Powered by Blogger.