အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေ ပစ်ခတ်ဖြိုခွဲမှုကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူပေါင်း ၁၃၈ ဦးနီးပါးရှိနေ (ကုလသမဂ္ဂ)



Share/Bookmark

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နောက်ပိုင်း အကြမ်းဖက်မှုတွေအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူ အနည်းဆုံး ၁၃၈ ဦး သေဆုံးရပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး တနလာင်္နေ့မှာ ထုတ်ပြန်လိုက်ပြီး ဒီ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါတယ်လို့ ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တနေ့တည်းမှာတင် ၃၈ ဦး သေဆုံးခဲ့ရပြီး အများစုက ရန်ကုန် လှိုင်သာယာမှာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

"မြန်မာ ပြည်သူတွေရဲ့ အခြေခံ အကျဆုံး အခွင့်အရေးကို ဆက်လက် ချိုးဖောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဆက်လက် အကြမ်းဖက်နေတဲ့ ကိစ္စကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ကြောင်း" ပြောခွင့်ရ Stephane Dujarric က ပြောဆိုခဲ့တာပါ။

ဒေသတွင်း အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ မျှော်မှန်းချက်အတွက် မြန်မာ ပြည်သူတွေနဲ့ တသားတည်း ရှိကြဖို့လည်း အတွင်းရေးမှူးချုပ်က ထပ်မံ တိုက်တွန်းထားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ မတ်လ ၁၆ ရက် ထုတ်ပြန်ချက် အရတော့ သူတို့ ကောက်ယူ စုဆောင်းချက် အရ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြမှုတွေ အတွင်း သေဆုံးရသူ အနည်းဆုံး ၁၈၂ ယောက် ရှိပြီလို့ ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူက ၁၉၀၀ နီးပါး ရှိနေပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-protest-attack-more-than-138-dead-/5815505.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ