ဖားကန့် ဆန္ဒပြပွဲ တဦးသေဆုံး ဆယ်ဦးကျော် ဒဏ်ရာပြင်းထန်


မတ်-၂၇,၂၀၂၁ 

ကချင်ပြည်နယ်မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဖားကန့်မြို့မှာ ဒီနေ့မွန်းလွဲ ၂နာရီခန့်က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့စစ်တပ်က ရာဘာကျည်ဆံ ၊အသံဗုံး၊မျက်ရည်ယိုဗုံး၊မီးခိုးဗုံးတွေအပြင် ကျည်ဆံအစစ်တွေနဲ့ပါ ပစ်ခတ်ဖြိုခွဲခံခဲ့ရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ် ။

 ရဲတပ်ဖွဲ့နဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲမှုကြောင့် အသက်၃၀ဆယ်အရွယ် လူငယ်တဦး ဟာ သေနတ်ထိမှန်ဒဏ်ရာနဲ့ ဦးခေါင်းပွင့်ပြီးနေရာမှာတင်သေဆုံးသွားခဲ့ရတယ်လို့ ကြက်ခြေနီနဲ့လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

 သေနတ်ထိမှန်ဒဏ်ရာရရှိထားတဲ့ လူနာဆယ်ဦးထက်မနည်းရှိနေပြီး ဒဏ်ရာရ လူနာတွေကိုလည်း အရပ်ဝတ်နဲ့လူတစုက လူနာတင်ယဉ်တွေပေါ်အထိ လိုက်လံလုယူနေတယ်လို့လည်း လူမှုကူညီရေး အသင်းသားတွေက ပြောပါတယ် ။ 

 ဒီနေ့ ဖားကန့်သပိတ်စစ်ကြောင်းဖြိုခွဲမှုမှာ လူခြောက်ဦးထက်မနည်းသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ငါးဆယ်ဦးခန့် ရှိနိုင်တယ်လို့ ပြောဆိုနေကြပေမယ့် VOMကတော့ အတည်ပြုနိုင်ဘို့ စုံစမ်းနေဆဲဖြစ်ပါတယ် ။

ဖားကန့်မြို့မှ မတ်လ၁၄ရက်နေ့ကလည်း ရဲတပ်ဖွဲ့စစ်တပ်ရဲ့အင်အားသုံးအကြမ်းဖက်ဖြိုခွဲမှုကြောင့် မိုးကောင်ဇာတိဖြစ်သူ ကိုကျော်လင်းထိုက်ဟာ သေနတ်ထိမှန် သေဆုံးသွားခဲ့ပြီး သုံးဦးထက်မနည်း သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ် ။ 


Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

ဖားကန့် ဆန္ဒပြပွဲ တဦးသေဆုံး ဆယ်ဦးကျော် ဒဏ်ရာပြင်းထန် ဖားကန့် ဆန္ဒပြပွဲ တဦးသေဆုံး ဆယ်ဦးကျော် ဒဏ်ရာပြင်းထန် Reviewed by THITHTOOLWIN on 16:53 Rating: 5

No comments:

Powered by Blogger.