အစ္စရေးနိုင်ငံမြန််မာသံအမတ် လေတပ်အရာရှိဟောင်း မောင်မောင်လင်း စစ်အုပ်စုရဲ့ အဓိကဒေါက်တိုင်ဖြစ်နေသလား




(၇/၃/၂၀၂၁)

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာ သံအမတ် လေတပ်ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်လင်း (လေ ၁၉၁၇) ဟာ စစ်ကောင်စီအတွက် လက်နက်ဝယ်ယူပေးဖို့နဲ့ ငွေဖြူဖော်ပေးတဲ့လုပ်ငန်းကို အဓိက တာဝန်ယူပေးနေသူလို့ အစ္စရေးလက်နက်ပွဲစားအသိုင်းအဝိုင်းနဲ့ရန်ကုန်အစ္စရေးသံရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။ 

စစ်ကောင်စီရဲ့ နိုင်ငံတကာဝါဒဖြန့်ချီရေးအတွက် ဒေါ်လာသန်းချီပေးရတဲ့ အစ္စရေးနိုင်ငံသားပိုင် ကနေဒါအခြေစိုက်ကုမ္ပဏီ (Dickens& Madson Canada) ငှါးရမ်းမှုမှာ စစ်ကောင်စီဝန်ကြီး မြထွန်းဦးနဲ့အတူ အဓိကအခန်းက ပါဝင်ခဲ့သူြဖစ်တယ်လို့လည်းသိရပါတယ်။  ကုမ္ပဏီပြောခွင့်ရသူတွေအပြောအရ သူတို့ (၂) ဦးက ပွဲစားခ တယောက်ကို ၅% စီ ရရှိတယ်ဆိုပါတယ်။ အစ္စရေးနိုင်ငံမှာ သူသံအမတ်ဖြစ်ချိိန်ကစလို့ မြန်မာကုမ္ပဏီတချို့ဖွင့်လှစ်ထားပြီး စစ်အုပ်စုအပါအဝင် သူတိုနဲ့ပတ်သက်သူတွေရဲ့ ငွေမည်းတွေကို ငွေဖြူလုပ်ပေးနေသူလို့လည်းပြောကြပါတယ်။ ရခိုင်ရိုဟင်ဂျာအရေးမှာတုန်းက အစ္စရေးနိုင်ငံထုတ် ကင်းလှည့်အမြန်ရေယာဉ်ငယ်တွေ ဝယ်တုန်းကလည်း သူ့ကိုပွဲခပေးခဲ့ရတယ်လို့ ရန်ကုန် အစ္စရေးသံရုံးအသိုင်းအဝိုင်းကပြောပါတယ်။

သံအမတ် မောင်မောင်လင်းကို ဦးသိန်းစိန်နဲ့ သမ္မတ ဦးထင်ကျော်  ရာထူးအပြောင်းအလွဲမလုပ်ခင် မတ်လ (၄)ရက်နေ့မှာ စစ်ရာထူးခန့်ချုပ်ရုံးအထက်အမိန့်အရဆိုပြီး သံအမတ်ခန့်အပ်ခဲ့တာပါ။ 

 လက်နက်ပွဲစားသံအမတ်ဖြစ်လို့ အစ္စရေးတပ်မတော်က အဆင့်မြင့်အရာရှိတွေအပါအဝင် ချမ်းသာတဲ့ဂျူးအသိုင်းအဝိုင်းနဲ့ရင်းနှီးခွင့်ရခဲ့တယ်လို့ ရန်ကုန် အစ္စရေးသံရုံးအသိုင်းအဝိုင်းကပြောပါတယ်။ သမ္မတဦးထင်ကျော်နဲ့ ဦးဝင်းမြင့်လက်ထက်မှာလည်း စစ်ရာထူးခန့်ချုပ်ရုံးကနေ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တိုက်ရိုက်ခန့်ခဲ့သူဖြစ်သလို ကာကွယ်ရေးဝန်ကြီးဌာနညွှန်ကြားချက်အရ ပြောင်းရွေ့ခွင့်မရခဲ့ဘူးပြောပါတယ်။ 

သံအမတ် မောင်မောင်လင်းရဲ့ ဇနီးကတော့ ဒေါ်ခင်လေးမူဖြစ်ပြီး မြန်မာနိုင်ငံကထွက်တဲ့ ကျောက်မျက်ရတနာတွေကို အစ္စရေးကတဆင့် ဥရောပကို ရောင်းချပေးနေသူလို့ ပြောပါတယ်။ တဦးတည်းသောသမီး ရွှေအိမ်လင်းကတော့ အစ္စရေး IDC Herzliya တက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

အစ္စရေးနိုင်ငံမြန််မာသံအမတ် လေတပ်အရာရှိဟောင်း မောင်မောင်လင်း စစ်အုပ်စုရဲ့ အဓိကဒေါက်တိုင်ဖြစ်နေသလား အစ္စရေးနိုင်ငံမြန််မာသံအမတ် လေတပ်အရာရှိဟောင်း မောင်မောင်လင်း စစ်အုပ်စုရဲ့ အဓိကဒေါက်တိုင်ဖြစ်နေသလား Reviewed by THITHTOOLWIN on 09:49 Rating: 5

No comments:

Powered by Blogger.