လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့များ ဝင်ရောက်အခြေချမှုကို ကန့်ကွက်တဲ့အတွက် ပြန်လည်ထွက်ခွာ




ကန္တရဝတီတိုင်း(မ်)

လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း ဒီကနေ့ ညနေ၃နာရီဝန်းကျင်က ရဲတပ်ဖွဲ့အင်အား ၁၆ယောက်ခန့်က အိပ်ယာအသုံးအဆောင်အပြည့်နဲ့ ဝင်ရောက်နေထိုင်မှုကို ကျောင်းဆရာ/များ၊ ကျောင်းသားများ၊ ပြည်သူလူထုတွေက ဝိုင်းဝန်းကန့်ကွက်ခဲ့တာကြောင့် ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ 

"လွိုင်ကော်တက္ကသိုလ်မှာနေရာလာယူဖို့ကတော့ သူတို့အထက်က ညွှန်ကြားမှုကြောင့်လာတယ် သူတို့ကိုယ်၌က ဘာအတွက်မှန်းမသိဘူးလို့ပြောတယ်။ အိပ်ယာလိပ် အသုံးအဆောင်ပစ္စည်းတော့ပါတယ်။ ဘာရည်ရွယ်ချက်မှန်းမသိဘူး။ သူတို့သိရသလောက်ကတော့ ဒကစတို့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်တို့ ဆွေးနွေးမှုတစ်စုံတစ်ရာလုပ်ပီးတော့မှ ဒီမှာရဲတပ်ဖွဲ့တွေ လာရောက်နေရာယူမှုကို ပါချုပ်က ခွင့်ပြုပေးတယ် အဲလိုပြောတယ်ပေါ့။ အဲ့လိုခွင့်ပြုတဲ့အတွက် ရဲတွေက လာရောက်တယ်လို့ပြောတယ်။ ဒါကတော့ ကျတော်တို့ရောက်တဲ့အချိန်မှာ သိရတဲ့အချက်အလက်ဖြစ်တယ်။" လို့ သွားရောက်ဝန်းရံခဲ့တဲ့ သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ရဲတပ်ဖွဲ့တွေ တက္ကသိုလ်အတွင်း ဝင်ရောက်နေထိုင်မှုကို ကြားသိချင်းချင်း ပြည်သူလူထုအများအပြားက လာရောက်ဝန်းရံခဲ့ကြပါတယ်။

နောက်နောင် လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်း အတွင်း ရဲ ၊ စစ်သား တွေကို ဝင်ရောက်နေရာယူတာကို ခွင့်မပြုဖို့ ပါမောက္ခချုပ်ကို မေတ္တာရပ်ခံသွားမှာဖြစ်ပြီး အာဏာပိုင်ဖက်က တစ်စုံတစ်ရာဖိအားပေးလာပါက ကယားပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့သော်လည်းကောင်း၊ သပိတ်ကော်မတီသော်လည်းကောင်း ချိတ်ဆက် ဆက်သွယ်နိုင်ကြောင်း သပိတ်ကော်မတီဖက်က သတင်းစကားပါးထားပါတယ်။

လွိုင်ကော်တက္ကသိုလ်မှ CDM ပြုလုပ်တဲ့ဝန်ထမ်းများစွာရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေထိုင်မှုဟာ စိုးရိမ်မှုကိုဖြစ်စေတဲ့အတွက် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ လုံခြုံရေးပေးနိုင်ရန် အသင့်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ရက်နေ့ကလည်း နောင်ယား(ခ)ရပ်ကွက်ရှိ အစိုးရစာသင်ကျောင်းဖြစ်တဲ့ အလက(၂)အလယ်တန်းကျောင်းမှာ ရဲတပ်ဖွဲ့တွေ ဝင်ရောက်နေထိုင်မှာကို ရပ်ကွက်နေပြည်သူတွေက လက်မခံခဲ့ဘူးလို့ သိရပါတယ်။












Kantarawaddy Times

https://www.facebook.com/KantarawaddyTimes

လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့များ ဝင်ရောက်အခြေချမှုကို ကန့်ကွက်တဲ့အတွက် ပြန်လည်ထွက်ခွာ လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့များ ဝင်ရောက်အခြေချမှုကို ကန့်ကွက်တဲ့အတွက် ပြန်လည်ထွက်ခွာ Reviewed by THITHTOOLWIN on 00:40 Rating: 5

No comments:

Powered by Blogger.