အောင်ပန်း လူထုသပိတ် လူငယ်(၉ )ဦးထက်မနည်း ကျဆုံး


သျှမ်းသံတော်ဆင့်၊ (မတ် ၁၉ )ရက်

သျှမ်းတောင် အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉ )ရက် စစ်အာဏာ ဆန့်ကျင်သည့်လူထု သပိတ်ကို စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ မှ သေနတ်ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းမှုကြောင်း လူငယ် (၉ )ဦး ထက်မနည်း ကျဆုံးသွားကြောင်း သတင်းရရှိသည်။

ယနေ့ (မတ် ၁၉ )ရက် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် အောင်ပန်း လူထုသပိတ် မစခင် လူစုနေချိန် စစ်ကောင်စီ က ကျည်အစစ် သေနတ်ကို အသုံပြုပြီး အကြမ်းဖက် ဖြိုခွင်းသဖြင့် လူငယ်(၉ )ဦး ကျဆုံးကာ၊ လက်ရှိမှာ အရေးပေါ်လူနာ (၃)ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၂၀)ဦး အထက်ရှိကြောင်း အောင်ပန်း ဆန္ဒပြရာတွင် ပါဝင်သည့် အမျိုးသား တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ လက်ရှိ ကျနော်သိရသလောက် ကျဆုံးတာ (၉ )ဦးရှိပြီ။ အသက်အကြီးဆုံးက ၃၁နှစ်အရွယ်ပါပဲ။ လူငယ်တွေပါ။ ကျနော် သူငယ်ချင်း (၄)ဦးပါတယ်။ ဒဏ်ရာပြင်းပြီး အသည်းအသန်ဖြစ်နေတာ (၃)ဦးရှိတယ်။ ထိခိုက်ဒဏ်ရာရတာ (၂၄)ဦးရှိပါတယ်” ဟု ၎င်း အမျိုးသား က ဆိုသည်။

လက်ရှိ အချိန်အခြအနေ ကောက်ထားသည့် စာရင်းအရ ယနေ့ ဖမ်းဆီးခံရသူ ၄ဦးသာကောက်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ယနေ့ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့သည် အောင်ပန်းမြို့ လူထု သပိတ်ကို ကျည်အစစ်၊ အသံမိုင်း၊ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ကျနော်တို့အောင်ပန်း စစ်ကြောင်းကို တခြားကလော၊ ဟဲဟိုး စစ်ကြောင်းလို့ချုပ်ကိုင်နိုင်အောင်ဖိနေတာပါ။ ဒီနေ့သူတို့ လုပ်ရက်က လူသားမဆန်ဘူး။ ကျနော်အနေနဲ့ ပြောစရာမရှိအောင်ပါပဲ။ ကျနော်တို့ကတော့ ဆက်ပြီး ဆန္ဒပြသွားမယ်။ စစ်အာဏာရှင်ချုပ်ငြိမ်းတဲ့အထိ ဆက်လုပ်သွားမယ်” ဟု အောင်ပန်း ဆန္ဒပြရာတွင် ပါဝင်သူတဦးက ဆိုသည်။

အောင်ပန်းမြို့ အနေဖြင့် စစ်အာဏာရှင် ကို နည်းမျိုးစုံဖြင့် ဆက်လက်ပြီးဆန္ဒပြသွားမည်ဟုလည်း အောင်ပန်းပြည်သူများက ပြောဆိုလိုက်သည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

အောင်ပန်း လူထုသပိတ် လူငယ်(၉ )ဦးထက်မနည်း ကျဆုံး အောင်ပန်း လူထုသပိတ် လူငယ်(၉ )ဦးထက်မနည်း ကျဆုံး Reviewed by THITHTOOLWIN on 22:22 Rating: 5

No comments:

Powered by Blogger.