နေ့စဉ်ပစ်ခတ်ဖြိုခွင်းလူစုခွဲနေတဲ့ကြားက သာကေတသပိတ် အားကောင်းဆဲ



သာကေတမြို့နယ်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်ကို စစ်တပ်နဲ့ ရဲတွေ နေ့စဉ် ပစ်ခတ်ဖြိုခွင်းပြီး လူစုခွဲမှုတွေရှိနေပေမယ့် သပိတ်က အရှိန်အဟုန်နဲ့ အားဆက်ကောင်းနေဆဲဖြစ်ပါတယ်။ ဒီနေ့ မတ်လ ၁၂ ရက်မနက် ၁၁ နာရီကျော်က သာကေတသပိတ်စစ်ကြောင်းဟာ မြင်တော်သာလမ်းမကြီးပေါ်မှာ နေရာယူထားပြီး စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်နေပါတယ်။ 

သာကေတမြို့နယ်က ရပ်ကွက်တချို့ကို မနေ့မတ် ၁၁ ရက်ညပိုင်းက ဝင်ရောက်ပစ်ခတ်ပြီး CDM လုပ်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

နေ့စဉ်ပစ်ခတ်ဖြိုခွင်းလူစုခွဲနေတဲ့ကြားက သာကေတသပိတ် အားကောင်းဆဲ နေ့စဉ်ပစ်ခတ်ဖြိုခွင်းလူစုခွဲနေတဲ့ကြားက သာကေတသပိတ် အားကောင်းဆဲ Reviewed by THITHTOOLWIN on 20:33 Rating: 5

No comments:

Powered by Blogger.