မြန်မာစစ်အာဏာသိမ်းမှု ရှုတ်ချပြစ်တင်ဖို့ ကုလ လုံခြုံရေးကောင်စီမှာ သဘောမတူနိုင်ခဲ့ကြ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့မှုကို ရှုတ်ချ ပြစ်တင်ရေး၊ မြန်မာစစ်တပ်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တောင်းဆိုရေးနဲ့ နောက်ထပ် အရေးယူပိတ်ဆို့မှုတွေ လုပ်ကောင်းလုပ်မယ်ဆိုတာကို ခြိမ်းခြောက် ပြောဆိုရေး စတဲ့ အချက်တွေ ပါဝင်တဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သဘောတူချက် မရခဲ့ဘူးလို့ သိရပါတယ်။

ဗြိတိန်နိုင်ငံက တင်ပြထားတဲ့ အဆိုပြုချက်မူကြမ်းထဲမှာ စစ်အာဏာသိမ်းမှုတစ်ခုအဖြစ် ဖော်ညွှန်းထားမှု၊ နောက်ထပ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ကောင်းလုပ်မယ်ဆိုတာကို ခြိမ်းခြောက် ပြောဆိုထားမှု စတဲ့ အချက်အလက်တွေကို ပယ်ဖျက်ပစ်ဖို့ နယူးယောက်မြို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အင်္ဂါနေ့နှောင်းပိုင်းက တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေက အကြံပြုခဲ့ပါတယ်။

ဒါပေမဲ့ ဒီကြေညာချက်ထုတ်ပြန်နိုင်ဖို့ ဆွေးနွေးပြောဆိုမှုတွေကို ဆက်လုပ်သွားဖွယ် ရှိတယ်လို့ သံတမန်တွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မြန်မာစစ်အာဏာသိမ်းမှု ရှုတ်ချပြစ်တင်ဖို့ ကုလ လုံခြုံရေးကောင်စီမှာ သဘောမတူနိုင်ခဲ့ကြ  မြန်မာစစ်အာဏာသိမ်းမှု ရှုတ်ချပြစ်တင်ဖို့ ကုလ လုံခြုံရေးကောင်စီမှာ သဘောမတူနိုင်ခဲ့ကြ Reviewed by THITHTOOLWIN on 00:53 Rating: 5

No comments:

Powered by Blogger.