![]() |
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကစပြီး ကျူးလွန်နေခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ သက်သေခံ အထောက်အထားတွေ စုဆောင်းနေတဲ့ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်ကို ကြိုဆိုကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
ကျုးလွန်မှုတွေနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို စုဆောင်း ထိန်းသိမ်းထားမှ ရာဇဝတ်မှု နဲ့တရားစွဲဆိုတဲ့ လုပ်ငန်းစဉ်တွေမှာ အဲဒီအထောက်အထားတွေကို အသုံးချနိုင်မှာဖြစ်ပြီး ကျူးလွန်သူတွေကို ပြစ်ဒဏ်ချနိုင်မှာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂရဲ့ IIMM ခေါ် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားဟာ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး၊ မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်တွေကို အနီးကပ်စောင့်ကြည့် နေကြောင်းလည်း ဖော်ပြပါတယ်။
ကုလသမဂ္ဂ ရဲ့ မြန်မာဆိုင်ရာ IIMM စုံစမ်းမှုယန္တရားကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ အဲဒီ ယန္တရားဟာ သက်သေအထောက်အထားတွေကို စိစစ်သုံးသပ်ဖို့၊ ရာဇဝတ်မှု ကျူးလွန်မှုအတွက် တာဝန်ရှိသူတွေကို နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲဆိုတဲ့အခါ လွယ်ကူချောမွေ့စေဖို့ အထောက်အကူ ပြုတဲ့ အမှုတွဲတွေကိုလည်း တည်ဆောက်ခွင့်ရှိကြောင်း သိရပါတယ်။
RFA Burmese

No comments:
Post a Comment