သင်္ကန်းကျွန်းမြို့နယ် စံပြဆေးရုံရေခဲတိုက်ကနေ အာဏာသိမ်း စစ်ကောင်စီ ရဲ့တပ်တွေ ပစ်ခတ်မှုကြောင့်သေဆုံးသွားတဲ့ တောင်ဒဂုံ ဒဂုံဆိပ်ကမ်း တောင်ဥက္ကလာ သင်္ကန်းကျွန်း စတဲ့ မြို့နယ်တွေက ကျည်ထိမှန်သေဆုံးသူတွေ ရုပ်အလောင်းတွေကို မိသားစုဝင်တွေက မတ်လ ၁၅ ရက်နေ့မှာ လာရောက်ထုတ်ယူခဲ့ကြပါတယ်။
သင်္ကန်းကျွန်းမြို့နယ် စံပြဆေးရုံရေခဲတိုက်ကနေ ရုပ်အလောင်း ၁၆ လောင်း ကို အချိန်အပိုင်းအခြားနဲ့ ထုတ်ပေးခဲ့တယ်လို့သိရပါတယ် ။ စံပြဆေးရုံ အရေးပေါ်ဌာနမှာလည်း ဒဏ်ရာရ အယောက်၄၀ခန့် ကုသနေကြပါတယ်။
BBC Burmese
ကျည်ထိမှန်ခဲ့တဲ့ ရုပ်အလောင်း ၁၆ လောင်းစံပြဆေးရုံရေခဲတိုက် မိသားစုဝင်တွေပြန်ထုတ်
Reviewed by THITHTOOLWIN
on
22:55
Rating:

No comments:
Post a Comment