လူနာပို့ပြီးပြန်လာတဲ့ ပရဟိတဝန်ထမ်း နှစ်ဦး အဖမ်းခံရပြီးထောင်တစ်လကျ


မော်လမြိုင် တပ်မတော် စစ်ဆေးရုံကို လူနာပို့ပြီး ပြန်လာတဲ့ကျိုက္ခမီက ပရဟိတစေတနာ့ဝန်ထမ်း နှစ်ဦးဟာ မတ်လ ၁၅ ရက်နေ့က ပုဒ်မ ၁၈၈ တရားစွဲခံရပြီးနောက် ထောင်ဒဏ်တစ်လစီ ချမှတ်ခံရတဲ့လို့ ဟိကာရီ ဗုဒ္ဓဘာသာ လူငယ်များ နာရေးကူညီမှုအသင်းတာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သူတို့ကို အာဏာသိမ်းစစ်ကောင်စီ ယာဥ်တန်းက လူနာပို့ပြီးပြန်အလာမှာ ရပ်တန့်စစ်ဆေးပြီးတော့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ က နဲ့တရားစွဲဖို့ လုပ်ခဲ့ပြီး‌နောက်ပိုင်းမှာတော့ ပုဒ် ၁၈၈ နဲ့ ပြောင်းလဲတရားစွဲ ခံခဲ့ရတာဖြစ်တယ်လို့ အသင်းတာဝန် ရှိသူတစ်ဦးက ပြောပါတယ်။

ကျိုက္ခမီမြို့မှာ အဓိက ကူညီပေးနေတဲ့ ပရဟိတအသင်းတစ်ခုဖြစ်တဲ့ ဟိကာရီအသင်းအနေနဲ့ ဖမ်းဆီးခံရမှုတွေရှိလာတဲ့အတွက် လူနာတွေကို သယ်ယူပို့ဆောင်တဲ့အလုပ်တွေကိုလည်း ရပ်နားထားလိုက်ရပြီလို့ ဆိုပါတယ်။

ပုဒ်မ ၁၈၈ ကတော့ ညမထွက်ရ အမိန့်ကိုဖောက်ဖျက်မှုဖြစ်ပြီး ထောင်ဒဏ် တစ်လ ကနေ ၆ လအထိ ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

လူနာပို့ပြီးပြန်လာတဲ့ ပရဟိတဝန်ထမ်း နှစ်ဦး အဖမ်းခံရပြီးထောင်တစ်လကျ  လူနာပို့ပြီးပြန်လာတဲ့ ပရဟိတဝန်ထမ်း နှစ်ဦး အဖမ်းခံရပြီးထောင်တစ်လကျ Reviewed by THITHTOOLWIN on 20:55 Rating: 5

No comments:

Powered by Blogger.