ဖမ်းဆီးခံသတင်းသမားတွေ လွှတ်ပေးဖို့ ကန်လွှတ်တော်သတင်း လွတ်လပ်ခွင့်အဖွဲ့တောင်းဆို

AP သတင်းဌာန ဓာတ်ပုံဆရာ ကိုသိန်းဇော် ကို ရဲများ ဖမ်းစဉ်

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွါးနေတဲ့ ဆန္ဒပြပွဲ သတင်းတွေယူနေချိန်မှာ အဖမ်းခံခဲ့ရတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ အမေရိကန် ပါတီကြီး၂ ရပ်စလုံးပါဝင်တဲ့ အောက်လွှတ်တော် သတင်းလွတ်လပ်ခွင့်အဖွဲ့က ပူးတွဲ ဥက္ကဌတွေ ဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီဝင် ကယ်လီဖိုးနီးယားပြည်နယ်က Adam Schiff နဲ့ ရီပတ်ဘလစ်ကင်ပါတီဝင် Ohio ပြည်နယ်က Steve Chabot တို့က ၾကာသပေတးန႔မွာ ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်တုံ့ပြန်တာနဲ့ ဆန္ဒပြပွဲသတင်းယူနေတဲ့ သတင်းသမားအများအပြားကို ဖမ်းဆီးနေတာအပါအဝင် လက်ရှိ ဖြစ်ပွါးနေတာတွေနဲ့ ပတ်သက်ပြီး အောက်လွှတ်တော် သတင်းလွတ်လပ်ခွင့်အဖွဲ့ ပူးတွဲဥက္ကဌတွေ အနေနဲ့ အထူးစိတ်ပူကြောင်းနဲ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် မြန်မာပြည်သူတွေက သူတို့ဆန္ဒကို ထုတ်ဖေါ်ပြသနေချိန်မှာ သတင်းယူနေတဲ့ သတင်းသမားတွေအတွက် ဖမ်းဆီးမှာ ခြိမ်းခြောက်မှာ အကြမ်းဖက်မှာတွေကို စိုးရွံ့မနေပဲ သူတို့အလုပ် သူတို့လုပ်ခွင့်ရရေးဟာ သိပ်ကို အရေးပါကြောင်း ပြောပါတယ်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေသူတွေကို အင်အားသုံး၊ အကြမ်းဖက်တုံ့ပြန်တာ အတွက် အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တညီတညွတ်ထည်း ရှုတ်ချရမှာ ဖြစ်ကြောင်းနဲ့ သတင်းသမားတွေ သတင်းလွတ်လပ်စွာတင်ပြခွင့်ကို လေးစားကြဖို့လည်း အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြမှုတွေကို မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က ပြင်းပြင်းထန်ထန်ဖြိုခွဲနေရာမှာ သတင်းသမားတွေကိုပါ ဖမ်းဆီးအရေးယူ၊ ပစ်မှတ်ထားတာတွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းဝိုင်းကလည်း ဝေဖန်သတိပေးနေတာပါ။

ဗွီအိုအေ အမေရိကန်အသံကလည်း မန္တလေးမြို့မှာ သတင်းယူနေစဉ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဗွီအိုအေ သတင်းထောက်တဦးပါ ဒဏ်ရာရခဲ့တဲ့အပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး ဒီမိုကရေစီစနစ်မှာ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ သတင်းစီးဆင်းမှုတွေ ရှိဖို့လိုကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-journalist-arrested-to-be-release-/5803651.html

ဖမ်းဆီးခံသတင်းသမားတွေ လွှတ်ပေးဖို့ ကန်လွှတ်တော်သတင်း လွတ်လပ်ခွင့်အဖွဲ့တောင်းဆို ဖမ်းဆီးခံသတင်းသမားတွေ လွှတ်ပေးဖို့ ကန်လွှတ်တော်သတင်း လွတ်လပ်ခွင့်အဖွဲ့တောင်းဆို Reviewed by THITHTOOLWIN on 04:50 Rating: 5

No comments:

Powered by Blogger.