တပ်ကသွားနေတဲ့လမ်းကို နောက်ပြန်လှည့်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကန်သံအမတ်ကြီး တိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါက လူပေါင်း ၄၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်တဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နေမှုအား ချက်ချင်းရပ်တန့်ဖို့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ သံအမတ်ကြီးနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ မတ်လ ၅ ရက်နေ့က ဖုန်းနဲ့စကားပြောကြချိန်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ ဆက်သွယ်ရေးစနစ် ဖြတ်တောက်တာတွေကို ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့အစိုးရကို ပြန်လည်အသက်သွင်းဖို့ တောင်းဆိုခဲ့ပါတယ်။ 

တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံနဲ့အဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကန့်ကွက်နေမှုအပြင် အာဏာသိမ်းတဲ့အတွက် ကြုံတွေ့ ရမယ့် စီးပွားရေးထိခိုက်မှုနဲ့  နိုင်ငံတကာက ဖယ်ကြဉ်မယ့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း အထူးအလေးပေး ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ တပ်မတော်အနေနဲ့ လက်ရှိသွားနေတဲ့လမ်းကြောင်းကို နောက်ပြန်လှည်ဖို့လည်း သံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

တပ်ကသွားနေတဲ့လမ်းကို နောက်ပြန်လှည့်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကန်သံအမတ်ကြီး တိုက်တွန်း တပ်ကသွားနေတဲ့လမ်းကို နောက်ပြန်လှည့်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကန်သံအမတ်ကြီး တိုက်တွန်း Reviewed by THITHTOOLWIN on 00:04 Rating: 5

No comments:

Powered by Blogger.