ဖားအံမြို့ လမ်းဂွတွင် သပိတ်ခံတပ်ဖြို့ခွဲခြင်းခံရ၊ ထိခိုက်မှုရှိ






မတ်လ ၂၅ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့ လှိုင်းဘွဲ-ကော့ကရိတ်လမ်းဆုံလမ်းဂွတွင် ပြုလုပ်ထားသည့် သပိတ်ခံတပ်ကို ယနေ့ နံနက် ၇နာရီတွင် ပစ်ခတ်ဖြိုခွင်းခံရပြီး ထိခိုက်ဒဏ်ရာရရှိမှုရှိသည်ဟု သိရသည်။

အဆိုပါခံတပ်သည် ထဘီတန်းများ သဲအိတ်များနှင့်လမ်းကိုပိတ်ထားပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံး ​၊ ရာဘာကျည်တို့အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်​ခဲ့ကြောင်း ရပ်ကွက်​နေထိုင်သူများက​ပြောသည်။

၎င်းဖြိုခွင်းခံရမှုတွင် တစ်ဦးကျည်ထိမှန်ခဲ့သည်ဟု ကနဦးသိရှိရပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 


photo-Hpa An News

KIC - ကရင်သတင်းစဉ်

https://www.facebook.com/KICNewsPage

ဖားအံမြို့ လမ်းဂွတွင် သပိတ်ခံတပ်ဖြို့ခွဲခြင်းခံရ၊ ထိခိုက်မှုရှိ ဖားအံမြို့ လမ်းဂွတွင် သပိတ်ခံတပ်ဖြို့ခွဲခြင်းခံရ၊ ထိခိုက်မှုရှိ Reviewed by THITHTOOLWIN on 08:08 Rating: 5

No comments:

Powered by Blogger.