ပဲခူး မတ် ၁၄ ။
ယနေ့ပဲခူးမြို့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသူများအားလာရောက်ဖြိုခွင်းသည့် စစ်တပ် ရဲတပ်ဖွဲဝင်များနှင့် ဒေသခံပြည်သူများထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ရာ ၂ ဦးသေဆုံး၍ ၂၀ ဦးဒဏ်ရာရရှိခဲ့သည်။
ပဲခူး ခေါင်းဆေးကျွန်းမှ အဝတ် လျှော်လုပ်ငန်းလုပ်ကိုင်နေသောအမျိုးသမီးသည့်အလုပ်မအပြန် ဘူတာမှဖြတ်လာစဉ်ဘူတာကုန်းပေါ်ကနေ လှမ်းပစ်သည့်ကျည်ဆံ အမျိုးသမီး၏ နောက်စေ့အားမှန်းပြီး နေရာတွင် ပွဲချင်းပြီးသွားသည်ဟု မျက်မြင်တွေ့ရှိသူများကဆိုသည်။
ကုလားဟောင်းရွာနေမောင်ထက်နိုင်ရှိန်း SAI ပွင့်ဖြူ 2019 ဆင်းသည်ယနေ့နံနက်ပိုင်းက ပစ်ခတ်ခံရ၍သေဆုံးသွားခဲ့ပြီး ၎င်း၏ရုပ်အလောင်းကို ဇာတိပွင့်ဖြူမြို့သို့ပို့ဆောင်လိုက်သည်။
ယနေ့ထိပ်တိုက်တွေ့ဆုံနေစဉ် ဒုရဲအုပ် ၁ ဦးသေဆုံးခဲ့သည်။
ယနေ့ ထိပ်တိုက်တွေဆုံနေစဉ် စစ်တပ်နှင့်ရဲတပ်ဖွဲဝင်များကြောင့်ပျက်စီးမှုအများအပြားရှိခဲ့သည်။
Bago Weekly Journal Online Page

No comments:
Post a Comment