ပွင့်ဖြူမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားရာက လူ ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရ






မတ် -၅ -၂၀၂၁

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာမှာ ဒီကနေ့ မတ် ၅ ရက် နေ့ခင်းပိုင်းက အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားရာကနေ လူ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ယောက် ပြောပြတာက "နေ့ခင်း ၁၂ နာရီဝန်းကျင်က အခင်းဖြစ်တယ် ၊ သေဆုံးသူက ၂ယောက်ဖြစ်တယ်။ သေဆုံးသူက ဦးချစ် နဲ့ မောင်နန်းဝေ အသက် (၁၇) နှစ်တို့ဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ်၊ ဒဏ်ရာရသူတွေလည်ရှိတယ်"လို့ ဖြစ်ပါတယ်။

သေဆုံးသူတွေက NLDပါတီထောက်ခံသူတွေဖြစ်ပြီး ပြုလုပ်သူလူတစုက ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေ ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ရဲတပ်ဖွဲ့ကတော့ အဲ့ဒီ လူသတ်မှု ကိစ္စနဲ့ပတ်သက်လို့ ပြဿနာဖြစ်ပွားရတဲ့ အကြောင်းအရာကို စုံစမ်းစစ်ဆေးနေပြီး ၂ ဖက်ခိုက်ရန်ထပ်မဖြစ်စေဖို့ လုံခြုံရေးတိုးမြှင့်လုပ်နေတယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ ဓားနဲ့ခုတ်သူတွေကို ရဲကမဖမ်းသေးတဲ့အတွက် ပြဿနာထပ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

ပွင့်ဖြူမြို့နယ်ဟာ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုရဲ့ ဇာတိမြို့ဖြစ်ပြီး နိုင်ငံရေးယှဉ်ပြိုင်မှု အားကောင်းတဲ့မြို့ဖြစ်ပါတယ်။


JC+TG(VOM)

ဓါတ်ပုံ - ပွင့်ဖြူဟစ်တိုင်

Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ပွင့်ဖြူမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားရာက လူ ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရ ပွင့်ဖြူမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားရာက လူ ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.