ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ နေအိမ်ပြန်ခွင့်ရ

ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ နေအိမ်ပြန်ခွင့်ရ ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် ( အလယ်) ကို မြင်တွေ့ရစဉ် / Photo: U Soe Htet Facebook

ချင်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးအားလုံးကို စစ်ကောင်စီက ဝန်ကြီး အိမ်ရာမှာ နေအိမ်အကျယ် ချုပ် ထားရှိထားရာကနေ မနေ့က နေအိမ်တွေကနေ ပြောင်းရွှေ့ဖို့ပြောလို့ နေအိမ်တွေကနေ ပြောင်းရွှေ့သွား ကြပါတယ်။

“မနေ့က ၃ နာရီလောက်ကတည်း ပြန်ခွင့်ပြုတော့ အားလုံးပြန်ကုန်ကြပြီ။ မနေ့က တပ်က ဗိုလ်မှူး တစ်ယောက် လာပြီးတော့ ၃ နာရီထိုးခါနီးလောက်မှာ သွားလို့ရပြီလို့ လာပြောတော့ အဲမှာ အားလုံး ထွက်တာပေါ့။ ဝန်ကြီးချုပ်တို့၊ တခြားဝန်ကြီးတွေလည်း အကုန်ကိုယ့်အိမ်ရှိတဲ့ဆီကို ပြန်ကြတာပေါ့” လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က RFA ကို အတည်ပြုပါတယ်။

ချင်းပြည်နယ် ဝန်ကြီးချုပ်ဖြစ်သူ ဆလိုင်းလျန်လွယ်ကတော့ မန္တလေးမြို့က သူရဲ့နေအိမ်ကို ပြန်သွားခဲ့ပြီး လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကတော့ နေပြည်တော်မှာရှိတဲ့ အိမ်ကိုပြန်သွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

“ကျွန်တော်တို့ စည်ပင်ဝန်ကြီး ဦးစိုးထက်ကတော့ မတ်လ ၃ ရက်နေ့ ၂ နာရီကတည်းက ထွက်သွားပြီ။ အိမ်ရှိတဲ့ နေပြည်တော်တန်းပြီး ဆင်းသွားတယ်ဗျ” လို့ ဦးစိုးထက်နဲ့ နီးစပ်သူက ပြောပါတယ်။

တပ်မတော်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ချင်းပြည်နယ် ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် ဝန်ကြီးတွေကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဝန်ကြီးအိမ်ရာမှာ နေအိမ်အကျယ်ချုပ်ထားရှိခံခဲ့ရ တာလည်း ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/chin-ministers-return-home-03042021005009.html

ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ နေအိမ်ပြန်ခွင့်ရ  ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ နေအိမ်ပြန်ခွင့်ရ Reviewed by THITHTOOLWIN on 22:09 Rating: 5

No comments:

Powered by Blogger.