မြင်းခြံသပိတ်မှာ သေနတ်ကျည်ဆန် ထိမှန်ခဲ့တဲ့ အမျိုးသား ၁ ဦး သေဆုံး



Share/Bookmark

မြင်းခြံ၊ မတ် ၁၉၊ ၂၀၂၁

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ သပိတ် စစ်ကြောင်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်း မှုအတွင်း ပါးစပ်ကိုကျည်ထိမှန်ခဲ့တဲ့ အမျိုးသား ၁ ဦး ဒီနေ့ သေဆုံး သွားကြောင်း သိရပါတယ်။ 

အသက် အန္တရာယ်စိုးရိမ်ရလို့ မန္တလေးမှာ သွားရောက် ဆေးကုသမှု ခံယူနေရစဉ် သေဆုံးခြင်း ဖြစ်တယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

“မန္တလေးမှာ ဆုံးပါးသွားလို့ အလောင်းကို ပြန်သယ်ဆောင်လာတာ လည်း နေအိမ်ပြန်ရောက်ပါပြီ။ ကိုအောင်ကိုကိုခန့် က ပါးစပ်ကို ကျည်ဆန် ထိမှန်ခဲ့သလို ရိုက်နှက်ခံရသူပါ”လို့ မြင်းခြံမြို့ခံ ပရဟိတ အဖွဲ့စည်း တစ်ခုမှ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

ဒီနေ့ သေဆုံးတဲ့ အသက် ၂၇ နှစ်အရွယ်ရှိ ကိုအောင်ကိုကိုခန့် အပါအဝင် မြင်းခြံမှာ သေဆုံးသူ ၉ ဦးနဲ့ ဒဏ်ရာရသူ ၁၇ ဦးခန့် ရှိပြီလို့လည်း သိရပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ