စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ မနက်ဖြန် ကျင်းပဖို့ရှိ


စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲကို မနက်ဖြန် မတ်လ ၁၁ ရက်မှာ ကျင်းပမှာဖြစ်ပြီး ပြည်တွင်းပြည်ပက သတင်းမီဒီယာတွေကို ဖိတ်ကြားထားတယ်လို့ ဒီနေ့ထုတ် သတင်းစာတွေမှာဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း မတ်လ ၈ ရက် ည သတင်းမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်မယ်လို့ ပြောကြားထားပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနမှာ မတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီမှာ ကျင်းပမှာဖြစ်ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ဦးဆောင်ရှင်းလင်းဖွယ်ရှိပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဟာ သတင်းစာရှင်းလင်းပွဲတစ်ကြိမ် ပြုလုပ်ထားပြီး အဲဒီတုန်းက သတင်းစာရှင်းလင်းပွဲကို ပြည်တွင်းပြည်ပ သတင်းမီဒီယာအများစုမတက်ရောက်ခဲ့တာရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ မနက်ဖြန် ကျင်းပဖို့ရှိ  စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ မနက်ဖြန် ကျင်းပဖို့ရှိ Reviewed by THITHTOOLWIN on 10:19 Rating: 5

No comments:

Powered by Blogger.