စမ်းချောင်းဗဟိုလမ်းတစ်ဝိုက်မှာ ၅ယောက် အဖမ်းခံရ

စမ်းချောင်းမြို့နယ်အတွင်း ဒီကနေ့ည ပိတ်ဆို့ဖမ်းဆီးမှုမှာ မိုးမခလမ်း ၊ဂန္ဓမာလမ်း တွေက လူ ၅ဦး အဖမ်းခံလိုက်ရတယ်လို့ ဗဟိုလမ်းမှာ နေထိုင်သူ မျက်မြင်သက်သေတစ်ဦးက အတည်ပြုပါတယ်။

ဗဟိုလမ်း စမ်းချောင်း ဂွစျေးဖက်က ပစ်လိုက်တဲ့ ပစ်ခတ်မှုကြောင့်သံတံတားလမ်းထိပ်နားမှာရှိနေတဲ့ လူတစ်ယောက် ဒဏ်ရာရခဲ့တယ်ဆိုတာကိုလည်း သူကပြောပါတယ်။

ပြီးတော့ ကျွန်းတောလမ်းဘက်မှာလည်း အစုလိုက်အပြုံလိုက် ၁၇ယောက် အဖမ်းခံရတယ်ဆိုတာ သိရပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်‌းမရှိသေးပါဘူး။

စမ်းချောင်းကိုပိတ်ထားတဲ့ ရဲနဲ့ စစ်တပ်တွေဟာ အခုအခါမှာ ပြန်လည်ဆုတ်ခွာသွားပြီလို့လည်း သူကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

စမ်းချောင်းဗဟိုလမ်းတစ်ဝိုက်မှာ ၅ယောက် အဖမ်းခံရ  စမ်းချောင်းဗဟိုလမ်းတစ်ဝိုက်မှာ ၅ယောက် အဖမ်းခံရ Reviewed by THITHTOOLWIN on 03:28 Rating: 5

No comments:

Powered by Blogger.