ဟဲဟိုးဆေးရုံမှာ တပ်စွဲတာကို ကန့်ကွက်ဆန္ဒပြသူတွေ အဖမ်းခံရ



ရှမ်းပြည်တောင်ပိုင်း ဟဲဟိုးဆေးရုံကို စစ်တပ်ကတပ်စွဲဖို့ လုပ်တာကို ကန့်ကွက်ဆန္ဒပြသူတွေ မတ်လ ၉ ရက်နေ့က ဖြိုခွင်းခံခဲ့ရပါတယ်။

ကန့်ကွက်မှုမှာပါဝင်တဲ့ ဟဲဟိုးမြို့ က အမျိုးသား၂၀ ဦးနဲ့အမျိုးသမီး စုစုပေါင်း ၃၆ဦး အဖမ်းခံရတယ်လို့ သိရပါတယ်။

လူစုခွဲဖို့ သတိမပေးဘဲကားပေါ်က ဆင်းဆင်းခြင်း အချက်(၂၀)ကျော် တန်းပစ်ပြီးဆန္ဒပြတဲ့ သူတွေကို ဖမ်းသွားခဲ့တာလို့လည်း မြို့ခံတွေကပြောပါတယ်။

အဖမ်းခံရတဲ့ ၃၆ဦး ကို တောင်‌လေးလုံးထောင်မှာ အခုထိ ဖမ်းဆီး ထိန်းသိ မ်းထားဆဲဖြစ်ပါတယ်။

သူတို့အဖမ်းခံရတယ်ဆိုတာကို တောင်ကြီးမြို့ခံ တစ်ယောက်ကအတည်ပြုပေးခဲ့ပြီး နာမည်စာရင်းအတိအကျကိုတော့ စာရင်းကောက်နေဆဲလို့ ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ဟဲဟိုးဆေးရုံမှာ တပ်စွဲတာကို ကန့်ကွက်ဆန္ဒပြသူတွေ အဖမ်းခံရ  ဟဲဟိုးဆေးရုံမှာ တပ်စွဲတာကို ကန့်ကွက်ဆန္ဒပြသူတွေ အဖမ်းခံရ Reviewed by THITHTOOLWIN on 23:31 Rating: 5

No comments:

Powered by Blogger.