စစ်ကိုင်းမှာ ဆန္ဒပြမှုတွေ ဆက်ရှိ၊ ဖြိုခွင်းမခံရဘူးလို့ ဒေသခံတွေပြော



စစ်ကိုင်းမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင် သပိတ်တွေ အရင်နေ့တွေက ဖြိုခွင်းခံရပေမယ့် ဒီ‌ကနေ့မှာ အဖွဲ့ပေါင်းစုံ ပေါင်းစုပြီး ဆန္ဒပြကြပါတယ်။

တက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့ ပညာရေး၀န်ထမ်း‌တွေ အရပ်ဘက်အဖွဲ့စည်းတွေ ပါဝင်ပြီးငါးထပ်ကြီးဘုရားလမ်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံနဲ့ မြို့တွင်းလှည့်လည် ဆန္ဒပြပါတယ်။ ဒီနေ့မှာတော့ ဆန္ဒပြစစ်ကြောင်းကို ဖြိုခွင်းမခံရဘူးလို့ ဒေသခံတွေကပြောပါတယ်။

မတ်လ ၃ ရက်က စစ်ကိုင်းမြို့က ဆန္ဒပြစစ်ကြောင်းကို ဖြိုခွင်းခဲ့လို့ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံရပါတယ်။ တချို့ပြန်လည်လွှတ်ပေးလိုက်ပေမယ့် ငါးဦးကိုတော့ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

စစ်ကိုင်းမှာ ဆန္ဒပြမှုတွေ ဆက်ရှိ၊ ဖြိုခွင်းမခံရဘူးလို့ ဒေသခံတွေပြော စစ်ကိုင်းမှာ ဆန္ဒပြမှုတွေ ဆက်ရှိ၊ ဖြိုခွင်းမခံရဘူးလို့ ဒေသခံတွေပြော Reviewed by THITHTOOLWIN on 21:25 Rating: 5

No comments:

Powered by Blogger.