![]() |
Social Media |
ရန်ကုန်မြို့က မြို့နယ်အချို့မှာ ညသပိတ် ဆင်နွှဲနေကြပြီး အဲဒီ့ နောက်ပိုင်းမှာတော့ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ဒေါပုံမြို့နယ်ဘက်မှာ အာဏာသိမ်းစစ်ကောင်စီ ရဲ့တပ်တွေက ပစ်ခတ်ခဲ့လို့ ရော်ဘာကျည်ထိမှန်ခဲ့ သူတွေရှိပြီးတော့ ရာဘာကျည်ပစ်ခတ်သံ အချက် ၄၀ လောက်ကြားရတယ်လို့ ဝါဆိုရပ်ကွက်အနီးနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဝါဆိုရပ်ကွက်က ကျည်ထိမှန်ခဲ့ သူနှစ်ဦးရှိသလို မျက်လုံးကျည်ထိသူတစ်ဦးရှိကြောင်း၊ ခေါင်းကိုကျည်ထိသူတစ်ဦးကို စစ်ကောင်စီတပ်တွေက တရွတ်တိုက်ဆွဲပြီး ခေါ်သွားကြောင်း၊ အဲ့ဒီသူ သေဆုံးသွားတယ်လို့ ယူဆရကြောင်းလည်း သူတို့ကပြောပါတယ်။
ရန်ကုန်မြို့လှည်းတန်းနဲ့ ဥက္ကလာပ ဘုရား အနီးမှာ ပစ်ခတ်သံတွေကြားရကြောင်းလည်း ဒေသခံတွေကပြောပါတယ်။
မတ်လ ၁၅ ရက် ည ရန်ကုန်မြို့က ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရသူနဲ့ သေဆုံးသူ အရေအတွက် ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
BBC Burmese

No comments:
Post a Comment