မြန်မာ စစ်တပ်ကို အင်မတန် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ရမယ်လို့ ကုလ သံတမန်ပြော


စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ဖို့အတွက် မြန်မာစစ်တပ်ကို အင်မတန်ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ရမယ်လို့ ကုသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်း ရှာရနာ ဘာဂနာက ဒီကနေ့ ပြောပါတယ်။

သူက တပ်မတော်နဲ့ ဆွေးနွေးခဲ့ရာမှာ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီက ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်လာနိုင်တယ်လို့ ပြောခဲ့ပြီး တပ်မတော်ဘက်က အရင်က အရေးယူပိတ်ဆို့မှုတွေကို ရင်ဆိုင်ခဲ့ရဖူးကြောင်းနဲ့ ဒါတွေကို ကျော်လွှားနိုင်ခဲ့ကြောင်း ပြန်ပြောခဲ့တယ်လို့ မစ္စ ခရစ်တင်း ရှာရနာ ဘာဂနာက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583?fbclid=IwAR1HZ3Xe-y14OExZNd6T0F10YRcTvgyUE8JdqYgwp8H_GF55Ai8UdchatVA

မြန်မာ စစ်တပ်ကို အင်မတန် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ရမယ်လို့ ကုလ သံတမန်ပြော  မြန်မာ စစ်တပ်ကို အင်မတန် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ရမယ်လို့ ကုလ သံတမန်ပြော Reviewed by THITHTOOLWIN on 00:59 Rating: 5

No comments:

Powered by Blogger.