ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမ္မတရုံးဝန်ကြီးဌာန
အမိန့်ကြေညာစာအမှတ် (၄/၂၀၂၁)
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်)
---------------------------------
အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု နှင့် ပတ်သက်၍ အသိပေးကြေညာခြင်း
==============
၁။ လက်ရှိအချိန်တွင် တိုင်းပြည်အာဏာကို လူတစ်စုက လက်နက်အားကိုးဖြင့် ပုန်ကန်သိမ်းပိုက်ထားခြင်းကို နိုင်ငံ့ဝန်ထမ်းများသည် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM ဖြင့် ဆန့်ကျင်တော်လှန်လျက်ရှိကြသည်။
၂။ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM တံခါးကို ခြွင်းချက်မရှိ ပိတ်သိမ်းမည်ဖြစ်သည်။
၃။ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM တွင် ပါဝင်ကြသော ပြည်သူ့ဝန်ထမ်းများကို CDM နှင့် သက်ဆိုင်သော ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်များချီးမြှင့်သွားမည်ဖြစ်သည်။
၄။ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှုတွင် မပါဝင်ကြသော အကြမ်းဖက်အုပ်စုအားပေး လက်ပါးစေ Non CDM ဝန်ထမ်းများကို ထိရောက်စွာအပြစ်ပေးအရေးယူသွားမည်ဖြစ်သည်။
၅။ ပြည်သူနဲ့အတူ သစ္စာရှိရှိ ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့သော နိုင်ငံ့ဝန်ထမ်းများကို ဦးဆောင်မှုကဏ္ဍတွင် ဂုဏ်ပြု တာဝန်ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်မှု ယန္တရားသစ်ကိုလည်း တည်ဆောက်သွားမည်ဖြစ်သည်။
၆။ နိုင်ငံ့ဝန်ထမ်းများအားလုံးအနေဖြင့် ပြည်သူနှင့်အတူ အချိန်မီ ရပ်တည်၍ အကြမ်းမဖက် ပြည်သူ့အာဏာ ဖီဆန်မှု CDM တွင် ပါဝင်ကြရန် နောက်ဆုံးထားတိုက်တွန်းလိုက်သည်။
CRPH_International Relations Office

No comments:
Post a Comment