ဆန္ဒပြပွဲတွေ အကြမ်းဖက်နှိမ်နင်းတာကြောင့် အိန္ဒိယဘက်ထွက်ပြေးသူတိုးလာ

INDIA MYANMAR BORDER

မြန်မာနိုင်ငံထဲ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းနေတာကြောင့် အိမ်နီးချင်း အိန္ဒိယဖက်ကို ထွက်ပြေးသူ တိုးလာနေပါတယ်။

အခုလို ထွက်ပြေးသူတွေထဲမှာ စစ်ဘက်အုပ်ချုပ်ရေးကောင်စီက ဆန္ဒပြပွဲတွေကိုနှိမ်နင်းခိုင်းတာကို မနာခံနိုင်တော့လို့ပါလို့ ပြောတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်းပါတယ်လို့ အိန္ဒိယ အရာရှိတွေက အတည်ပြုထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး အရပ်သားအစိုးရကို ဖယ်ရှားခံရပြီးတဲ့နောက် လူထုဆန္ဒပြပွဲတွေ ကြီးမားလာရာမှာ စစ်တပ်ဘက်က သေကျေစေတဲ့အထိ ပစ်ခတ်ဖြိုခွဲမူတွေကို တိုးလုပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးတရက်ထဲမှာတင် အနည်းဆုံး ၃၈ ယောက် သေခဲ့ရပြီလို့ ကုလသမဂ္ဂကဆိုထားပါတယ်။

အိန္ဒိယရဲတွေကလည်း မိုင်ပေါင်း ၁,၀၀၀ ကျော်နယ်စပ်ထိထားတဲ့ အိန္ဒိယဖက် အရှေ.မြောက်ဒေသနယ်စပ်ရှိ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာဘက်က ရဲ ၃ ဦးအပါအဝင် လူ ၉ ဦး မနေ့ကပဲ ထွက်ပြေးလာတယ်လို့ ပြောပါတယ်။

ဟိန္ဒူနေ့စဉ်သတင်းမှာလည်း မနေ့ကထိဆိုရင် ထွက်ပြေးလာသူပေါင်း အနည်းဆုံး အယောက် ၂၀ ရှိသွားပြီ၊ ဒေသခံတွေအပြောအရဆိုရင် Champhai နဲ့ Serchhip ခရိုင်တွေကိုရောက်လာတာ လူပေါင်း ၅၀ လောက်အထိရှိနိုင်တယ်လို့ ကိုးကားဖော်ပြထားပါတယ်။

ဒေသခံရဲအရာရှိ Kumar Abhishek ကလည်းဒီထွက်ပြေးလာသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ အကြောင်းရင်းဖော်ပြချက်တွေကို မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာနကို ပို့ထားပြီးပြီလို့ အတည်ပြုပေးပါတယ်။

ဒါ့အပြင် ထွက်ပြေးလာသူတွေအတွက် ကျန်းမာရေးစစ်ဆေးမူနဲ့ လိုအပ်တာတွေပါ ကူညီပေးနေတယ်လို့လို့လည်း ရဲအရာရှိတွေကပြောပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/indo-burma-border/5803375.html

ဆန္ဒပြပွဲတွေ အကြမ်းဖက်နှိမ်နင်းတာကြောင့် အိန္ဒိယဘက်ထွက်ပြေးသူတိုးလာ ဆန္ဒပြပွဲတွေ အကြမ်းဖက်နှိမ်နင်းတာကြောင့် အိန္ဒိယဘက်ထွက်ပြေးသူတိုးလာ Reviewed by THITHTOOLWIN on 04:46 Rating: 5

No comments:

Powered by Blogger.